ဘာစီလိုနာနဲ့ မက်ဆီတို့ လမ်းခွဲပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ချိန်ကစလို့ ပီအက်စ်ဂျီက ဆက်သွယ်မှုတွေပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီလို့သိရပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တောက်လျှောက်ဆိုသလို ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း The Guradian က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာနဲ့ မက်ဆီတို့ လမ်းခွဲပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ချိန်ကစလို့ ပီအက်စ်ဂျီက ဆက်သွယ်မှုတွေပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာမှာ သူ့ရဲ့အချိန်တွေကုန်ဆုံးသွားပြီဆိုတာ သေချာခဲ့တဲ့နောက်မှာ မက်ဆီကိုယ်တိုင်လည်း ပိုချက်တီနိုနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့မှာ နေမာကလည်း ပါဝင်လှုပ်ရှားပေးနေပြီး သူ့ရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခွင့်ပေးမယ်လို့ ကမ်းလှမ်းထားခဲ့ကာ မက်ဆီအတွက်တော့ နတ်တို့ဖန် ရေကန်အသင့်၊ ကြာအသင့်ဆိုတဲ့အနေအထားဖြစ်နေပြီး သူ့ဘက်က ခေါင်းငြိမ့်ဖို့သာ လိုအပ်တော့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းအဝတ်လဲခန်းမှာလည်း မက်ဆီရောက်လာမယ်လို့ အားလုံးက ယုံကြည်နေကြောင်း သိရပါတယ်။ မက်ဆီကို ခေါ်ယူမှာမဟုတ်ဘူးလို့ ဂွာဒီယိုလာက ပြတ်ပြတ်သားသားပြောဆိုထားပြီးဖြစ်လို့လည်း ပီအက်စ်ဂျီအတွက် ပြိုင်ဘက်တသင်းလျော့ပါးခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအနေအထားတွေအရတော့ မက်ဆီဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့သာ သေချာတဲ့အနေအထားမှာရှိနေပြီဖြစ်ပါတယ်။