အသင်းပိုင်ရှင်က ယူရို ၉ ဘီလီယံအထိ ကြွယ်ဝပါတယ်။

ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖို့ သေချာခဲ့တဲ့နောက်မှာ မက္ကဆီကိုကလပ်အသင်းတစ်သင်းကပါ မက်ဆီကိုရရှိရေးပြိုင်ပွဲထဲ လေသံပစ်ပြီး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ 


မက္ကဆီကိုကလပ်အသင်းတစ်သင်းဖြစ်တဲ့ Mazatlan အသင်းရဲ့ ဥက္ကဌဖြစ်သူ ရီကာဒိုဆာလီနက်စ်ပလီဂိုက သူတို့အသင်းအနေနဲ့ မက်ဆီနဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်စွမ်းရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ နာမည်ကျော်ကစားသမားနှစ်ဦးစလုံးကို ခေါ်ယူနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖို့ သေချာခဲ့တဲ့နောက်မှာ မက္ကဆီကိုကလပ်အသင်းတစ်သင်းကပါ မက်ဆီကိုရရှိရေးပြိုင်ပွဲထဲ လေသံပစ်ပြီး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ရီကာဒိုက သူ့ရဲ့တွစ်တာမှာ မက်ဆီကို ခေါ်ယူသင့်သလား ဒါမှမဟုတ် မက္ကဆီကိုနာမည်ကျော်ကစားသမာဟောင်းဘလန်ကို (လက်ရှိနိုင်ငံရေးသမားဖြစ်နေ) ကို ခေါ်ယူသင့်သလားလို့ ပရိသတ်တွေကို မေးမြန်းတဲ့ poll တစ်ခုကို တင်ခဲ့ပါတယ်။ ဒီစစ်တမ်းကောက်ယူခြင်းမတိုင်ခင်မှာလည်း သူက "မက်ဆီကို Mazatlan နဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ရင်ကောင်းမလား ကျွန်တော်စဉ်းစားနေပါတယ်" လို့ ရေးသားခဲ့ပါသေးတယ်။ 

ဒီအပေါ်မှာ ပရိသတ်တစ်ဦးက တကယ်ခေါ်ယူနိုင်လို့လားလို့ ပြန်လည်မေးခွန်းထုတ်ခဲ့ရာမှာ "ရော်နယ်ဒိုကိုပါ ကျွန်တော်ခေါ်နိုင်တယ်" လို့ သူက တုံ့ပြန်ခဲ့ပါတယ်။ ဒီအသင်းကတော့ မက္ကဆီကိုက Sinaloa ပြည်နယ်မှာ အခြေစိုက်ပြီး ၂၀၂၀ ခုနှစ်ကမှ တည်ထောင်ထားတာဖြစ်ပါတယ်။ အသင်းပိုင်ရှင်ဖြစ်သူ Salinas ဟာ မက္ကဆီကိုရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ပေါင် ၉.၃ ဘီလီယံအထိကြွယ်ဝပါတယ်။ လက်ရှိရာသီမှာတော့ သူတို့ဟာ ပထမဆုံး ၂ပွဲစလုံးအနိုင်ကစားထားပီး ခရုဇ်အဇူလ် နဲ့ ပါချူကာတို့ကို အနိုင်ယူထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ငွေကြေးအားဖြင့်အထင်သေးလို့မရတဲ့အသင်းဖြစ်ပြီး နာမည်ကျော်ကစားသမားတွေကို ဆွဲဆောင်နိုင်ဦးမယ့် အသင်းတစ်သင်းအဖြစ် လာမယ့်နှစ်တွေမှာ နာမည်ကြီးလာဖွယ်ရှိနေပါတယ်။ တရုတ်စူပါလိဂ်၊ မေဂျာလိဂ်တို့လိုမျိုး နာမည်ကျော်ကစားသမားတွေကိုသာ သူတို့အနေနဲ့ စတင်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ သိပ်မကြာခင်အတွင်းမှာ အသက်အရွယ်ရလာတဲ့ နာမည်ကျော်ကစားသမားတွေအတွက် သွားရောက်ကစားဖို့ရှိနိုင်မယ့် အသင်းဖြစ်လာနိုင်ချေရှိနေပါတယ်။

Share

က္က