ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်အကြိုအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီး နဲ့ အက်ဖ်အေဖလားချန်ပီယံ လက်စတာတို့ ကွန်မြူနတီဒိုင်းပွဲကို ကစားတော့မှာပါ။ ချာရတီပွဲတစ်ပွဲအသွင်ကိုဆောင်ပေမယ့်လည်း အနိုင်ရဖို့အတွက် အားကျိုးမာန်တက်ကစားလေ့ရှိတာကြောင့် ဒီပွဲက ပရိသတ်စိတ်ဝင်စားမှုကိုအပြည့်အဝရရှိထားပါတယ်။ ဝင်ဘလေမှာ ကစားကြမှာဖြစ်ပြီး ပရိသတ်တွေကိုလည်း ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာဖြစ်လို့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှာ အင်္ဂလန်ကလပ်တွေရဲ့ ပွဲစဉ်တစ်ပွဲကို ပရိသတ်အများအပြားနဲ့ ပြန်လည်မြင်တွေ့ရမှလည်းဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
- လက်စတာမှာ ဗဟိုနောက်ခံလူဝက်စ်လေဖိုဖန်နာက ဗီလာရီးရဲလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။ ဂျွန်နီအီဗန်စ်၊ ဂျိမ်းစ်ဂျက်စတင်၊ ကတ်စ်တာနီတို့လည်း ဒီပွဲကို လိုက်ပါဖွယ်မရှိဘူးလို့ သိရပြီး ရာသီသစ်စတင်မယ့်အချိန်ကို ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့သာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
- မန်စီးတီးမှာတော့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီလစ်ရှ် ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ကီဗင်ဒီဘရိုင်းကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး သူအသင်းကို ပြန်ရောက်နေပြီလားဆိုတာကိုလည် သေချာမသိရသေးပါဘူး။ ဖိုဒန်ကလည်း ခြေဖဝါးဒဏ်ရာရရှိထားတယ်လို့ သိရပြီး ရာသီအစပွဲတွေကိုတောင်မှ လွဲချော်နိုင်ချေရှိနေပါတယ်။
စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ
- လက်စတာကတော့ မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်ပေးပွဲပြင်ပ ပွဲပေါင်း ၂၀ မှာ ၂ ပွဲသာအနိုင်ရထားပြီး ၁၁ ပွဲအထိ ရှုံးခဲ့ပါတယ်။
- ၁၉၆၉ ခုနှစ်က အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးက ၁-၀ နဲ့ အနိုင်ရပြီးနောက် ဝင်ဘလေမှာ သူတို့နှစ်သင်း ဒုတိယမြောက်တွေ့ဆုံမှုဖြစ်ပါတယ်။
- လက်စတာကတော့ ၁၉၇၁ ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရပြီး ၂၀၁၆ ကတော့ ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ထားပါတယ်။
- မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲ ၄ပွဲမှာ ၃ပွဲအထိ အနိုင်ရခဲ့ပြီး ဒါဟာ အရင် ၈ ပွဲမှာ အနိုင်ရခဲ့တာက ၃ ပွဲသာရှိခဲ့တာပါ။
- ၂၀၁၉ (အဲဒီတုန်းက မန်စီးတီးက အမှတ်ပေးရော၊ အက်ဖ်အေပါရခဲ့) ကလွဲပြီး နောက်ဆုံးခြောက်ကြိမ်မှာ ကွန်မြူနတီဒိုင်းကို အက်ဖ်အေဖလားချန်ပီယံတွေသာ ဆွတ်ခူးခဲ့ပါတယ်။ ကျန်တစ်ပွဲကတော့ မန်စီးတီးကပဲ ချယ်လ်ဆီးကို ၂-၀ နဲ့ အနိုင်ရခဲ့တာပါ။
- လက်စတာဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲကို အနိုင်ရထားပါတယ်။
- မန်စီးတီးကတော့ ဝင်ဘလေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၂ ပွဲသာရှုံးနိမ့်ခဲ့ဖူးပြီး အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့ကို ၂၀၂၀ နဲ့ ၂၀၂၁ မှာ အရေးနိမ့်ခဲ့တာပါ။
- ဗာဒီကတော့ ဝင်ဘလေကွင်းသစ်မှာ လက်စတာအသင်း ၈ ဂိုးသွင်းယူရာမှာ ၄ ဂိုးအထိ သူက သွင်းပေးခဲ့ပါတယ်။
- မာရက်ဇ်ကတော့ လက်စတာကထွက်ပြီးနောက်ပိုင်းမှာ အသင်းဟောင်းနဲ့ ၆ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ဂိုးသွင်းကာ ၂ ကြိမ်ဖန်တီးပေးထားပါတယ်။
- ဒီပွဲကို အနိုင်ရရင် ဘရန်ဒန်ရော်ဂျာဟာ ၂၀၁၃ မှာ ဒေးဗစ်မိုယက်စ်က ဝီဂန်ကို ယူနိုက်တက်နဲ့အတူအနိုင်ယူပြီး ကွန်မြူနတီဒိုင်းရပြီးနောက် ပထမဆုံးဗြိတိန်သားဖြစ်လာဖို့ရှိနေပါတယ်။
Share