ဖုန်းကိုင်သူတိုင်းအတွက် အလွယ်ဆုံးကာကွယ်နိုင်မယ့်နည်းလမ်းတွေ

Cyber Hack လုပ်ခံရတဲ့ အဓိကအကြောင်းရင်းနှစ်ခု ရှိပါတယ်။ ဆော့ဖ်ဝဲလ် အားနည်းချက်နဲ့ လူရဲ့ အပြုအမူချို့ယွင်းချက်ဆိုတဲ့ အချက်နှစ်ချက်ပါ။ အခုပြောမှာက မသမာသူတွေရဲ့ Hacking သားကောင် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အချက်လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။


(၁) public Wi-Fi တွေ ရှောင်ပါ

Photo: The Jakarta Post





               Free ပေးထားတဲ့ Public WiFi တွေက ထောင်ချောက်ဖြစ်သွားနိုင်ပါတယ်။ ဟက်ကာတွေဟာ ကိုယ့်အချက်အလက်တွေ ခိုးဖို့ WiFi Hotspot တုတွေ ထောင်ထားတတ်ပါတယ်။ ကိုယ့်ဖုန်းထဲက အချက်အလက်တွေ public မှာ မတော်တဆ မပေါက်ကြားအောင် ကာကွယ်ဖို့ ဖုန်းမှာ WiFi hotspot auto-connect feature တွေ ပိတ်ထားပါ။

               Bluetooth နဲ့ personal hotspot တွေလည်း မသုံးဘူးဆိုရင် ပိတ်ထားပါ။ ကိုယ့် Connection တွေ လုံခြုံဖို့အတွက် VPN သုံးပါ။ VPN ဟာ ကိုယ့်ရဲ့ data traffic ကို လုံခြုံအောင် encrypt လုပ်နိုင်လို့ ဖြစ်ပါတယ်။


(၂) Official App Store ကနေ App တွေ သွင်းပါ


Photo: The Glance


               Google Play Store တို့ Apple App Store တို့လို တရားဝင် App Stores တွေက malware ပါလာဖို့ အလားအလာနည်းပါတယ်။ Third-Party တွေကနေ သွင်းထားထက် အများကြီး ပိုစိတ်ချရပါတယ်။ ဖုန်းထဲမှာ သင်္ကာမကင်းတဲ့ Apps တွေ ရှိရင်လည်း ချက်ချင်း ဖယ်ရှားပစ်ပါ။

               တကယ်လို့ malware ပါတဲ့ app ကို ဒေါင်းလုပ်ဆွဲမိရင်တော့ factory reset ချဖို့ လိုပါတယ်။ ဖုန်းထဲက အချက်အလက်တွေ လုံခြုံရေးအတွက် Data နဲ့ Contacts တွေ Backup လုပ်ထားဖို့လည်း အကြံပေးချင်ပါတယ်။


(၃) သံသယဖြစ်စရာ Links တွေ မနှိပ်မိပါစေနဲ့

Photo: Bioguia



               Social Media က ဖြစ်ဖြစ် အီးမေးလ်ကနေ ဖြစ်ဖြစ် မသင်္ကာစရာကောင်းတဲ့ လင့်ခ်တွေ ရောက်လာတတ်ပါတယ်။ ဒီလိုလင့်ခ်တွေ ဖိုင်တွေ တွေ့ရင် Click လုပ်တာ ၊ Download ဆွဲတာမျိုး ရှောင်ပါ။ တကယ်လို့ ကိုယ့်အသိတစ်ယောက်ဆီက ပို့လာတာဆိုရင် သူ့ကို အရင်ဆက်သွယ်ကြည့်တာ ပိုကောင်းပါတယ်။


(၄) Antivirus ဆော့ဖ်ဝဲလ်သွင်းပါ


Photo: komando

               တော်ရုံ ဖြစ်လေ့ဖြစ်ထရှိတဲ့ Hacking Threats တွေဆို Antivirus Apps တွေက ရှင်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းထဲမှာ Antivirus Software ထည့်ထားပါ။ ဒီဆော့ဖ်ဝဲလ်ကိုလည်း ပုံမှန် Update လုပ်ပေးပါ။


(၅) စိတ်ချရတဲ့ အားသွင်းကြိုးနဲ့ အားသွင်းပါ


Photo: lifehack


               USB Chargers တွေဟာ ‌Data Transmission လုပ်ဖို့အတွက် Wires ကြိုးတွေနဲ့ Ports တွေ သုံးပါတယ်။ အားသွင်းကြိုးကနေ ကိုယ့်ဒေတာတွေ ပါမသွားရအောင် ကိုယ်ပိုင် Charger ပဲ သုံးပါ။ အငှားကားတွေမှာ ပါတဲ့ အားသွင်းကြိုးတွေ သုံးမယ်ဆိုရင် သတိထားပါ။ စိတ်မချရဘူးထင်တဲ့ Charger သုံးရတော့မယ်ဆိုရင် ဖုန်းမှာ Only Charging ထားသုံးပါ။

               အခြေခံကျပေမယ့် အရေးကြီးတဲ့အချက်က ဖုန်းတစ်လုံးကို PIN ဒါမှမဟုတ် Fingerprint lock ချထားပြီး သုံးပါ။ Multi-Factor Authentication စနစ် ထားပါ။ ဖုန်းဆိုတာ Personal သုံးရတဲ့ ပစ္စည်းဖြစ်လို့ တခြားသူကို ပေးကိုင်တာမျိုးကို ရှောင်ပါ။ ဖုန်း Hack ခံရပြီဆိုရင် Password ချက်ချင်းပြောင်းပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က