ပွဲချိန် ၈၉ မိနစ်မှာ တလုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီက သွင်းယူခဲ့တာပါ။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ အသင်းအတွက် လူစားလဲဝင်ရောက်ခဲ့ပြီးနောက် ၈၉ မိနစ်မှာ သူ့ကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 


မန်စီးတီးကို လက်စတာက အနိုင်ယူပြီး ကွန်မြူနတီဒိုင်းဆွတ်ခူးခဲ့ရာမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးနိုင်ခဲ့တဲ့ လက်စတာတိုက်စစ်မှူးအီဟီယာနာချိုက အဆိုပါပင်နယ်တီဟာ ရရှိထိုက်တဲ့ ပင်နယ်တီဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ နို်င်ဂျီးရီးယားတိုက်စစ်မှူးဟာ အသင်းအတွက် လူစားလဲဝင်ရောက်ခဲ့ပြီးနောက် ၈၉ မိနစ်မှာ သူ့ကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

အသင်းအတွက် ပွဲချိန်အနည်းငယ်သာ ကစားခဲ့ရပေမယ့် အီဟီယာနာချိုက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပင်နယ်တီအတွက် ကွင်းလယ်ဒိုင်လူကြီးတီယာနေးရဲ့ ဆုံးဖြတ်ချက်ကို မန်စီးတိးကစားသမားတွေက ဒေါသထွက်ကန့်ကွက်ခဲ့ကြပါတယ်။ လက်စတာကို မျက်နှာသာပေးဆုံးဖြတ်ခဲ့တယ်လို့ မန်စီးတီးကစားသမားတွေက ယူဆခဲ့ကြပြီး ကန့်ကွက်ခဲ့ပေမယ့် တီယာနေးကတော့ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲရှိနေခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ အီဟီယာနာချိုက ITV နဲ့ အင်တာဗျူးခဲဲ့ရာမှာ "အကီက ကျွန်တော့်ကို လှမ်းဆွဲခဲ့တာပါ၊ ဒါကို ကွင်းလယ်ဒိုင်လူကြီးမြင်ပါတယ်၊ ပင်နယ်တီအတွက် ကျွန်တော်လေ့ကျင့်မှုတွေလုပ်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ရာသီက တစ်ကြိမ်လွဲချော်ခဲ့ဖူးပေမယ့်လည်း အချိန်တိုင်းမှာ ပင်နယ်တီကန်သွင်းတာကို လေ့ကျင့်နေခဲ့တာပါ၊ ထောင့်တဖက်ဖက်ကို ကန်သွင်းမယ်လို့ ကျွန်တော်တွေးနေခဲ့ပြီး ဝင်အောင်သွင်းယူနိုင်ဖို့က မလွယ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်လုပ်နိုင်ခဲ့ပါတယ်"

"အသင်းဟောင်းအပေါ် အနိုင်ရခဲ့တာအတွက် ဘာပြောရမလဲ ကျွန်တော်မသိဘူး၊ ခံစားချက်တွေက ရောထွေးနေပါတယ်၊ ဒီနေ့မှာ ကျွန်တော့်အသင်းအတွက် ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့လို့ တကယ်ဂုဏ်ယူမိပါတယ်၊ အရမ်းလည်းပျော်ရွှင်ပါတယ်၊ ပွဲထွက်ခွင့်မရလို့ စိတ်ပျက်ခဲ့သလားဆိုရင်တော့ မပျက်ပါဘူး၊ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့လူစာရင်းရှိနေပြီး ဘယ်သူ့ကိုမဆို နည်းပြက ထည့်သွင်းကစားနိုင်ပါတယ်၊ ဒီရာသီကို ကျော်ဖြတ်နိုင်ဖို့ပဲ လိုအပ်ပြီး ကျွန်တော်စိတ်မပျက်ပါဘူး" လို့ နာချိုက ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က