ကစားသမားကို ချီးကျူးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီလစ်ကို ပွဲချိန် ၂၅ မိနစ်သာ ဝင်ရောက်ကစားခဲ့ခိုင်းပေမယ့်လည်း ခြေစွမ်းအပေါ် ချီးကျူးခဲ့ပါတယ်။


လက်စတာကိုအရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲအပြီးမှာ ရာသီသစ်အတွက် အသင့်မဖြစ်သေးဘူးလို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ ကိုပါအမေရိက နဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲတွေမှာ သူ့အသင်းက ဘရာဇီးလ်နဲ့အင်္ဂလန်ကစားသမားတွေ ဝင်ရောက်ကစားခဲ့ရလို့ ဒီတစ်ပတ်မှာမှ လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်ခဲ့တယ်လို့လည်း ဂွာဒီယိုလာက ပြောဆိုခဲ့ပြီး လာမယ့်ရာသီအဖွင့်ပွဲ စပါးနဲ့ပွဲအတွက် အသင့်ဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း အသိပေးခဲ့ပါတယ်။ 

"လေ့ကျင့်ခန်း ၃ကြိမ်၊ ၄ ကြိမ်လောက်ပဲ ဆင်းရသေးတဲ့ ကစားသမားတွေနဲ့ ဘယ်လိုလုပ်အသင့်ဖြစ်နေနိုင်မှာလဲ။ ဘရာဇီးလ်နဲ့ အင်္ဂလန်ကစားသမားတွေကို ကျွန်တော်သဘောကျပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ဘောလုံးရာသီက ပြီးခဲ့တဲ့ ၃ ပတ်လောက်ကမှ ပြီးဆုံးခဲ့လို့ သူတို့အနားယူဖို့လိုအပ်နေပါတယ်၊ ပြီးခဲ့တဲ့ရာသီအစောပိုင်းမှာ ကျွန်တော်တို့ ရလဒ်ပိုင်းအရ နည်းနည်းလွဲချော်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီနောက်မှာတော့ ပုံမှန်ကစားနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာဆိုရင် လာမယ့်ရာသီအတွက် ယုံကြည်နို်င်စရာအကြောင်းရင်းတွေကို ကျွန်တော်တွေ့ခဲ့ပါတယ်" လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဂွာဒီယိုလာဟာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီလစ်ကို ပွဲချိန် ၂၅ မိနစ်သာ ဝင်ရောက်ကစားခဲ့ခိုင်းပေမယ့်လည်း ခြေစွမ်းအပေါ် ချီးကျူးခဲ့ပါတယ်။ "သူက အရမ်းကောင်းမွန်ခဲ့ပါတယ်၊ သူ့ကို ပံ့ပိုးပေးနဲ့ သူ့ရဲ့အရည်အသွေးကို ပြသဖို့ပဲ ကျန်တော့တာပါ၊ သူက ဒီကို ၂၅ မိနစ်တည်းကစားဖို့ရောက်လာတာမဟုတ်ပါဘူူး၊ ၅နှစ်၊ ၆ နှစ်လောက် ကစားဖို့ ရောက်လာခဲ့တာပါ၊ သူစိတ်အားထက်သန်မှုအပြည့်နဲ့ကစားခဲ့ပြီး နောက်ခံအစွန်လူတွေနဲ့ အမြဲထိပ်တိုက်တွေ့ခဲ့ပါတယ်၊ သူ ဘောလုံးရချိန်တိုင်းမှာလည်း ကစားသမား ၃ ယောက်လောက် သူ့အနားမှာ ရှိနေခဲ့တာပါ"


"တဖြည်းဖြည်းနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို ရှာတွေ့ပါလိမ့်မယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဆိုပါတယ်။ မန်စီးတီးအတွက်တော့ ရာသီကြိုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဘရန်ဒန်ရော်ဂျာကတော့ ဒေးဗစ်မိုယက်စ်နောက်ပိုင်း ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးဗြိတိန်သားနည်းပြဖြစ်လာခဲ့ပါတယ်။

Share

က္က