တွစ်တာကတဆင့် ပြောဆိုသွားခဲ့တာပါ။

မက်ဆီကို ခေါ်ယူနိုင်စွမ်းရှိတဲ့ အသင်းအနည်းငယ်ထဲမှာမှ ပီအက်စ်ဂျီက ထိပ်ဆုံးကနေရှိနေခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ လမ်းခွဲပြီလို့ တရားဝင်သတင်းထွက်လာချိန်မှာပဲ အလျင်အမြန်ဆက်သွယ်ကာ ညှီနှိုင်းနေခဲ့တာလည်းဖြစ်ပါတယ်။


လီယွန်နယ်မက်ဆီ နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြီးဆုံးခဲ့ပြီလို့ ပီအက်စ်ဂျီအသင်းပိုင်ရှင်ရဲ့ ညီဖြစ်သူ Khalid bin Hamad Bin Khalifa Al-Thani က ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ တွစ်တာကတဆင့် ပြောဆိုသွားခဲ့တာဖြစ်ပြီး မက်ဆီဟာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားမယ်လို့လည်း သိရပါတယ်။ 

သူဟာ photoshop နဲ့ ပြုပြင်ထားတဲ့ မက်ဆီက ပီအက်စ်ဂျီအသင်းဂျာစီဝတ်ဆင်ထားတဲ့ ပုံကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ "ညှိနှိုင်းမှုတွေအားလုံးက အပြီးသတ်ခဲ့ပါပြီ၊ မကြာခင်မှာ ကြေညာဖို့ပဲရှိပါတော့တယ်" လို့ သူက ရေးသားပြောဆိုခဲ့ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ ပဲရစ်မြေကို ရောက်ရှိလာမယ်ဆိုတာကို အတည်ပြုသွားခဲ့တယ်လို့ mozzartportke က ဖော်ပြခဲ့ပါတယ်။ 



ဒါဟာ အားလုံးကြိုတင်တွက်ဆထားခဲ့သလိုပဲ မက်ဆီက ပီအက်စ်ဂျီကိုသာ ရောက်ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို မှန်ကန်စေခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူနိုင်စွမ်းရှိတဲ့ အသင်းအနည်းငယ်ထဲမှာမှ ပီအက်စ်ဂျီက ထိပ်ဆုံးကနေရှိနေခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ လမ်းခွဲပြီလို့ တရားဝင်သတင်းထွက်လာချိန်မှာပဲ အလျင်အမြန်ဆက်သွယ်ကာ ညှီနှိုင်းနေခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ကျောနံပါတ် ၁၀ ကိုပဲ ဝတ်ဆင်မယ်ဆိုရင်တော့ နေမာက ဂျာစီနံပါတ်အပြောင်းအလဲပြုလုပ်ရမှာဖြစ်ပါတယ်။ သူတို့ဟာ ဘာစီလိုနာမှာလေးနှစ်ကြာအသင်းဖော်တွေအဖြစ် ကစားခဲ့ကြပြီး ညီအကိုတွေလိုရင်းနှီးသူတွေဖြစ်ကာ နေမာကိုယ်တိုင်က မက်ဆီလာမယ်ဆိုရင် သူ့ရဲ့ ကျောနံပါတ်ကို ပေးကစားမယ်လို့ကမ်းလှမ်းခဲ့ကြောင်းလည်း သိရပါတယ်။ 


ပီအက်စ်ဂျီဟာ သြဂုတ်လ ၁ဝရက်နေ့အတွက်လည်း ပဲရစ်မြို့က နာမည်ကျော်အီဖယ်လ်မျှော်စင်ကြီးကိုလည်း ငှားရမ်းထားပြီးဖြစ်ပါတယ်။ ငှားရမ်းရတဲ့အကြောင်းရင်းကိုမသိရသေးပေမယ့်လည်း မက်ဆီကို မိတ်ဆက်ဖို့အတွက်ဖြစ်တယ်လို့ စပိန်ဂျာနယ်လစ်တစ်ဦးက အခိုင်အမာပြောဆိုထားခဲ့ပါတယ်။ 

Share

က္က