အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရာသီမှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ မာတစ်တို့ ဒဏ်ရာရရှိခဲ့လို့ အခက်တွေ့ခဲ့ရတဲ့ ကလော့ပ်အတွက် အားထားရတဲ့ နောက်ခံလူတစ်ဦးရဲ့ အခြေအနေက စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။


လီဗာပူးလ်အသင်းနောက်ခံလူအန်ဒရူးရောဘတ်ဆန်ဟာ ဘီလ်ဘာအိုနဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ထိတ်လန့်စရာကောင်းတဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့်ပဲ သူ့ကို အိုဝင်ဘက်ခ်နဲ့ လူစားလဲလှယ်ခဲ့ရပြီး ကစားသမားရဲ့ အခြေအနေအတိအကျကိုတော့ အသေးစိတ်စစ်ဆေးမှုတွေပြီးမှသာ သိရှိနိုင်လိမ့်မယ်လို့ နည်းပြယာဂင်ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ 

ရောဘတ်ဆန်ဟာ ခြေကျင်းဝတ်ကျိုးသွားနိုင်တဲ့ အနေအထားမျိုးနဲ့ ပစ်လဲကျသွားခဲ့ပြီး လဲကျစဉ်မှာပဲ ခြေထောက်ကိုကိုင်ကာ နာနာကျင်ကျင်အော်ဟစ်နေခဲ့ပါတယ်။ ကွင်းပြင်ကို ပြန်လည်ထွက်ခဲ့ရာမှာလည်း ဆေးဝန်ထမ်းနှစ်ဦးရဲ့ အကူအညီကို ရယူခဲ့ရပြီး ရာသီသစ်စတင်ဖို့ နီးကပ်လာချိန်မှာ သူ့ရဲ့ဒဏ်ရာရရှိမှုက ယာဂင်ကလော့ပ်ကို ဇောချွေးပြန်စေခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ ကလော့ပ်က "သူ နာကျင်ခဲ့တာကတော့ မှန်ပါတယ်၊ ဒါပေမယ့် နောက်ထပ်အကဲဖြတ်မှုတွေ မလုပ်ရခင်မှာ ဘာကိုမှ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး၊ သူ့ဒဏ်ရာကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီးမှပဲ ကျွန်တေ်ာတို့ ပိုပြောနိုင်ပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး ဂျိုတာက ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် ဘီလ်ဘာအိုက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ရာသီမှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ မာတစ်တို့ ဒဏ်ရာရရှိခဲ့လို့ အခက်တွေ့ခဲ့ရတဲ့ ကလော့ပ်အတွက် အားထားရတဲ့ နောက်ခံလူတစ်ဦးရဲ့ အခြေအနေက စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ လီဗာပူးလ်ရဲ့ အဓိကကစားသမားဖြစ်သလို ဂိုးဖန်တီးမှုပိုင်း မြင့်မားတဲ့ ရောဘတ်ဆန်သာ ဒဏ်ရာပြင်းထန်ပြီး ရာသီကြိုပွဲစဉ်တွေကို လွဲချော်ခဲ့မယ်ဆိုရင်တော့ ကလော့ပ်အတွက် ခေါင်းကိုက်စရာဖြစ်လာတော့မှာ သေချာပါတယ်။

Share

က္က