အဖွင့် ၃ပွဲလောက် လွဲချော်ရပါတော့မယ်။

အီတလီနဲ့ ယူရို ဗိုလ်လုပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်မှာကတည်းက ရရှိခဲ့ တာ ဖြစ်ပြီး အကင်းမသေသေးတာလို့သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းရဲ့ အားထားရတဲ့ ကစားသမားလေး ဖိုဒန်ဟာ ခြေဖဝါးဒဏ်ရာကြောင့် အနည်းဆုံး တစ်လခန့် ထပ်မံ အနားယူရဖို့ ရှိနေပါတယ်။



ဖိုဒန်ဟာ ခြေဖဝါးဒဏ်ရာကြောင့်ပင် အင်္ဂလန်နဲ့ အီတလီအသင်းတို့ ကစားခဲ့ကြတဲ့ ၂၀၂၀ ယူရို ဗိုလ်လုပွဲစဥ်ကို လည်း လွဲထားခဲ့ရသူပါ။

ဒါဟာ နည်းပြ ဂွါဒီယိုလာအတွက် ခေါင်းကိုက်စရာ ဖြစ်လာပြီး အနည်းဆုံး လိဂ် ၃ပွဲလောက်ကတော့ လက်လွှတ် ထာားရမှာပါ။

ဖိုဒန်အနေနဲ့ ခြေဖဝါး ဒဏ်ရာကို အီတလီနဲ့ ဗိုလ်လုပွဲအတွက် ပြင်ဆင်နေရင်း ရုတ်တရက် ခြေထောက် ခေါက်သွား ရာမှ စပြီး ရရှိခဲ့ကာ ယနေ့တိုင် အကင်းမသေသေးတာလည်း ဖြစ်ပါတယ်။

မန်စီးတီး ဆေးအဖွဲ့ရဲ့ သတင်း ထုတ်ပြန်ပေးချက်အရ ဖိုဒန်ရဲ့ ဒဏ်ရာဟာ အကင်းမသေသေးပဲ ပွဲကစားဖို့ မဖြစ်နိုင် သေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ဂွါဒီယိုလာဟာ အလောတကြီး အသုံးပြုခွင့် မရတော့ပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့ လိုအပ်နေ တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့် အပတ်မှာ လိဂ်အဖွင့်ပွဲအဖြစ် စပါးအသင်းနဲ့ စတင် ကစားရဖို့ ရှိပြီး အဲ့နောက် နော်ဝှစ်၊အာဆင်နယ်အသင်းတို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲတွေကို ဖိုဒန်အနေနဲ့ လွဲချော်ရဖို့ များနေပြီး အနီးစပ်ဆုံး ပြန်ကစားရမယ့်ပွဲကတော့ စက်တင်ဘာ ၁၁လောက် မှာကစားမယ့် လက်စတာနဲ့ပွဲလို့ မျှော်လင့်လို့ရပါတယ်။

ဂွါဒီယလိုလာအတွက် သက်သာရာ ရစေတာကတော့ အဓိက ကစားသမား ဒီဘရိုင်းနဲ့ အသစ်ခေါ်ယူထားတဲ့ ဂရီ လစ်ရှ်တို့ အဆင်သင့်ရှိနေတာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က