လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်နဲ့အစပြုတတ်ကြပေမယ့် ကော်ဖီမှာအဓိကပါဝင်တဲ့ ကဖိန်းဓာတ်က ဦးနှောက်ကိုအကျိုးပြုစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။

လူတိုင်းနည်းပါး ဘဝသက်တမ်းတစ်လျှောက်မှာ မှတ်ဉာဏ်ကောင်းချင်ကြပါတယ်။

Photo: University Health News

လူ့သက်တမ်းတစ်လျှောက်လုံးလေ့လာသင်ကြားမှုတွေကို ပြုလုပ်ကြရတာမို့ ဦးနှောက်နဲ့မှတ်ဉာဏ်အားကောင်းစေဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ အားတိုးဆေးအမျိုးမျိုးကိုမှီဝဲတာမျိုးတွေကိုလုပ်ဆောင်တတ်ကြပါတယ်။ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေအားကောင်းပြီး အလုပ်လုပ်နိုင်စွမ်းမြင့်မားမှသာ မှတ်ဉာဏ်အားကောင်းစေမှာပါ။ လူတိုင်းဖြစ်ချင်ကြတဲ့ ဦးနှောက်နဲ့မှတ်ဉာဏ်အားကောင်းစေဖို့အတွက် အထောက်အကူပေးမယ့် အစားအသောက်တွေလည်းရှိတာမို့ ဒီအစားအသောက်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

 

Photo: Bicycling

ကော်ဖီ

ကမ္ဘာပေါ်မှာ နေ့စဉ်ကော်ဖီသောက်သုံးသူဦးရေက ၁ဘီလီယံဝန်းကျင်ရှိတယ်လို့ အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ dealsonhealth.net မှာဖော်ပြထားပါတယ်။ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်နဲ့အစပြုတတ်ကြပေမယ့် ကော်ဖီမှာအဓိကပါဝင်တဲ့ ကဖိန်းဓာတ်က ဦးနှောက်ကိုအကျိုးပြုစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။ 

ကဖိန်းဓာတ်က အာရုံစူးစိုက်မှုကိုလည်းကောင်းစေပါတယ်။ ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံးတတ်သူတွေဟာ ပါကင်ဆန်၊ အယ်လ်ဇိုင်းမားအစရှိတဲ့ရောဂါတွေကို ခံစားရလေ့မရှိဘူးလို့ ဆေးပညာမှတ်တမ်းတွေအရသိရပါတယ်။ 

Photo: Medical News Today

နနွင်း

အိမ်တိုင်းရဲ့မီးဖိုချောင်ထဲမှာ နနွင်းရှိပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးတွေရဲ့မီးဖိုချောင်မှာပေါ့။ ဟင်းချက်ရာမှာအသုံးပြုတဲ့ နနွင်းကလည်း ဦးနှောက်နဲ့မှတ်ဉာဏ်ကို အကျိုးဖြစ်ထွန်းစေပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အယ်လ်ဇိုင်းမားဝေဒနာသည်တွေမှာ မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိရပါတယ်။ နနွင်းဟာ စိတ်ကျခြင်းကိုသက်သာစေတယ်လို့လည်းသိရပါတယ်။ 

Photo: 123RF

ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းမှာ ဗီတာမင် K ဓာတ်ကြွယ်ဝပါတယ်။ သုတေသနအချို့အရ ဗီတာမင် K ပိုမိုရရှိရင် မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ ပန်းပွင့်စိမ်းမှာ ရောင်ရမ်းမှုကျစေတဲ့ ဓာတ်ပစ္စည်းပါဝင်ပြီး ဦးနှောက်ပျက်စီးခြင်းကို သက်သာစေတယ်လို့လည်းသိရပါတယ်။ 

Photo: Healthline

ရွှေဖရုံစေ့

ရွှေဖရုံစေ့က ဦးနှောက်ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ရွှေဖရုံစေ့မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ကြေးနီ စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ အာရုံကြောဆလ်များအကြား ဆက်သွယ်မှုအတွက် အရေးကြီးပါတယ်။ မဂ္ဂနီဆီယမ်ဟာ သင်ယူခြင်း၊ မှတ်သားခြင်းအတွက် မရှိမဖြစ် အရေးပါပါတယ်။

Photo: Healthline

အဆီဓာတ်ကြွယ်ဝတဲ့ငါး

ဆယ်လ်မွန်၊ ထရောက်နဲ့ ငါးသေတ္တာငါးတွေဟာ အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေပါ။ အဆီဓာတ်ဆိုတာ Omega ဓာတ်ကို ဆိုလိုတာပါ။ ဦးနှောက်ဟာ Omega 3 ကို ဦးနှောက်ဆဲလ်များ၊ အာရုံကြောဆဲလ်များ တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ ဒါကြောင့် Omega 3 ဟာ သင်ယူခြင်း၊ မှတ်သားခြင်း စတာတွေအတွက် မရှိမဖြစ် အသုံးဝင်ပါတယ်။

Ref: Healthline

Share

Loading Next Article...
က္က