အပြီးသတ်သဘောတူညီမှုရခဲ့ပြီလို့ ဆိုပါတယ်။

သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ သူ့ရဲ့အပြောင်းအရွှေ့ကဖြစ်မြောက်ခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 


မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဆေးစစ်မှုတွေပြုလုပ်ဖို့အတွက် ပဲရစ်ကို သွားရောက်မယ်လို့ သိရကာ ရောက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ သူ့ရဲ့အပြောင်းအရွှေ့ကဖြစ်မြောက်ခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

အသင်းနဲ့လမ်းခွဲခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အချိန်ထိ မက်ဆီက ပီအက်စ်ဂျီနဲ့ သဘောတူညီမှုမရှိသေးဘူးလို့ ပြောဆိုခဲ့ပေမယ့် နောက်တစ်ရက်မှာတော့ သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သတင်းစာ L'Equipe ကလည်း မက်ဆီဟာ ဒီနေ့မှာပဲ ပဲရစ်ကိုရောက်ရှိလာမယ်လို့ အခိုင်အမာဖော်ပြခဲ့ပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို အသင်းကစားသမားအဖြစ် ကြေညာဖို့အတွက် သြဂုတ်လ ၁၀ ရက်နေ့ (ဒီနေ့) မှာ အီဖယ်လ်မျှော်စင်ကို ငှားရမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာပဲ အပြောင်းအရွှေ့ကို ပြီးစီးအောင်လုပ်ဆောင်သွားကာ မက်ဆီကို တရားဝင်ကစားသမားအဖြစ် ကြေညာသွားမယ်လို့လည်း မျှော်လင့်ရပါတယ်။ 


ကနဦးထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဂျင်တီးနားတိုက်စစ်မှူးဟာ လက်မှတ်ထိုးကြေးအဖြစ် ပေါင် ၂၁ သန်းအထိ ရရှိမယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအနေနဲ့ မက်ဆီကို အလွတ်ခေါ်ယူနိုင်မှာဖြစ်ပေမယ့်လည်း ကစားသမားရဲ့လုပ်ခလစာ၊ အပိုဆုကြေး၊ လက်မှတ်ထိုးကြေးနဲ့ ပုံရိပ်အသုံးပြုခတွေအတွက် ၂ နှစ်အတွင်းမှာပဲ ယူရို သန်း ၃၀၀ ခန့် ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။ 

Share

က္က