120W wired charging နဲ့ လာတာပါ

Xiaomi ရဲ့ အပါးလွှာဆုံး Ceramic Body သုံး Mi Mix 4 သစ် ထွက်လာပါပြီ။

           ဒီဖုန်းဟာ Xiaomi Mi Mix စီးရီးရဲ့ ထုံးစံအတိုင်း Full Screen ဒီဇိုင်းကို သုံးဖို့အတွက် ဒီတစ်ခေါက်မှာ ပိုပြီး Innovative ဖြစ်တဲ့ Under-Display Selfie စနစ်ကို သုံးလာတာပါ။ ပြိုင်ဘက် OPPO က နောက်ဆုံးပေါ် Under-Screen ကင်မရာနည်းပညာထုတ်ပြပြီး ရက်အနည်းငယ်အကြာမှာ တရုတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi က သူ့ထုတ်ကုန်မှာ သုံးသွားတာပါ။




Photo: Yahoo News


           Mi Mix 4 ဟာ ၆.၆၇ လက်မ AMOLED panel ၊ ရုပ်ထွက် 2400 x 1080px ရှိပြီး 20MP မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာစနစ် သုံးထားပါတယ်။ ဒီ Selfie စနစ်ဟာ Xiaomi Mi Mix 4 ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းထဲက တစ်ခုပါပဲ။ တခြား Specs တွေကလည်း ထိပ်တန်း Flagship ဖုန်းတစ်လုံးရဲ့ ဟန်အတိုင်း 10-bit color, P3 gamut, Dolby Vision, HDR10+, 120Hz refresh rate နဲ့ 480Hz touch sampling rate တို့ ပါရှိပါတယ်။

           Gorilla Glass Victusမှန်အုပ်ထားပြီး အသံနည်းပညာကို Harman/Kardon ရဲ့ စတီရီယိုအသံစနစ် ထောက်ပံ့ပေးထားတာပါ။ Mi Mix 4 ဟာ နောက်ဆုံးပေါ် Snapdragon 888+ 5G processor ကို ပထမဆုံးသုံးလာတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး LPDDR5 RAM စနစ် RAM 8GB / 12GB ဗားရှင်းတွေ ထွက်ထားပါတယ်။ storage ကတော့ UFS 3.1 စနစ်သုံး 128GB to 512GB ဖြစ်ပါတယ်။

           iPhone 12 စီးရီးမှာလိုပဲ Mi Mix 4 မှာလည်း Ultra-Wide Band စနစ် ပါရှိပြီး ချိတ်ဆက်မှုအနေနဲ့ Point to connect ဆိုပြီး သုံးနိုင်မှာပါ။ ဒီတော့ Mi Mix 4 ကို Xiaomi စမတ်ထုတ်ကုန်တွေဖြစ်တဲ့ TV ၊ Smart Speaker ၊ Air Con နဲ့ တခြားထုတ်ကုန်တွေနဲ့ ချိတ်ဆက်ဖို့ point ပေးလိုက်ရုံပါပဲ။ ကျောဘက်ကင်မရာတွေဟာ on paper အရတော့ စိတ်လှုပ်ရှားစရာ အပြည့်ပါပဲ။

           ကျောဘက်စတုဂံကင်မရာအိမ်မှာ 108MP main sensor (Optical Stabilization ပါ HMX sensor နဲ့လာ) ၊ 5x optical zoom ပါ 8MP ကင်မရာ (OIS ပါဝင်) နဲ့ ၁၂၀ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 13MP ultrawide lens တို့ သုံးထားပါတယ်။ ဘက်ထရီဟာ 4500 mAh ဖြစ်ပြီး 120W charging ကြောင့် ၂၁ မိနစ်အတွင်း အားလုံးဝမရှိတဲ့ Zero အခြေအနေကနေ အားအပြည့်သွင်းနိုင်မှာပါ။



Photo: Yahoo News

           Boost Mode သုံးရင် ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့လည်းဆိုပါတယ်။ wireless charging အနေနဲ့ 50W support ပေးထားလို့ ၄၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မှာပါ။ Boost Mode နဲ့ဆို ၂၈ မိနစ်ပဲ ကြာမှာပါ။ ဒီဖုန်းကို ဩဂုတ်လ ၁၆ ရက်နေ့ တရုတ်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အဖြူ ၊ အနက်နဲ့ မီးခိုးရောင်သစ် သုံးရောင်နဲ့ လာမှာပါ။

           RAM 8GB/128GB storage ဟာ ၄၉၉၉ ယွမ် (မြန်မာငွေ ၁၂ သိန်းခွဲကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ အမြင့်ဆုံးမော်ဒယ် RAM 12GB/512GB storage ကိုတော့ ၆၂၉၉ ယွမ် (မြန်မာငွေ ၁၆ သိန်းခန့် ) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က