Galaxy Note တွေကို နှုတ်ဆက်လိုက်တဲ့ ပွဲ

ဩဂုတ်လ ၁၁ ရက် Samsung ရဲ့ Unpacked ပွဲဟာ မျိုးဆက်သစ် Foldables ဖုန်း ၊ Wearables နဲ့ Earbuds ထုတ်ကုန်သစ် ၅ မျိုးကို မိတ်ဆက်သွားတဲ့ပွဲ ဖြစ်ပါတယ်။

           (၁) S Pen တစ်ခုနဲ့ 120Hz display နှစ်ခုပါ Galaxy Z Fold 3




Photo: indianexpress

           Galaxy Note series တွေအစား Foldable ထုတ်ကုန်ဘက်ကို အာရုံစိုက်သွားမယ့် Samsung ရဲ့ တန်ဖိုးကြီး Foldable ဖုန်းသစ်တစ်မျိုးက Galaxy Z Fold 3 ပါ။ ဒီဖုန်းဟာ အတွင်းအပြင် Screen နှစ်မျိုးစလုံး 120Hz refresh rate အထောက်အပံ့ပေးထားပြီး အတွင်းထဲက main screen မှာ မှန်ပြင်အောက်ဆယ်လ်ဖီကင်မရာစနစ် UD Selfie ကို သုံးလာပါတယ်။

           Samsung ထုတ်ကုန်တွေထဲမှာ ပထမဆုံး UD Camera သုံးလာတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ IPX8 water resistance ပါပြီး Armor Aluminium ဖရိမ်ကြောင့် အရင် ထွက်ခဲ့တဲ့ အလူမီနီယံရိုးရိုးဖရိမ်တွေထက် ပိုအကြမ်းခံမှာပါ။ S Pen support ပေးလာတာက အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး ဒါဟာ နာမည်ကျော် Galaxy Note စီးရီးရဲ့ အဆင့်မြင့်မျိုးဆက်လို့ ပြောရမယ့်အချက်ပါပဲ။

           Snapdragon 888 SoC နဲ့ လာပြီး RAM12/256GB storage ကို ၁၇၉၉ ဒေါ်လာ (မြန်မာငွေ သိန်း ၃၀ခန့်) ဈေးနဲ့ လာမယ့် ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

 

           (၂) ဈေးပိုသင့်တဲ့ Galaxy Z Flip 3


Photo: The Verge

 

           ဒေါ်လာ ၁၀၀၀ တန်ဖုန်းဖြစ်လို့ Foldable ဖုန်းတွေထဲမှာ ဈေးသင့်တင့်တဲ့ ဖုန်းလို့ ပြောနိုင်ပါတယ်။ Z Fold 3 လိုပဲ Snapdragon 888 processor ၊ IPX8 water resistance သုံးထားပြီး ဈေးက ဒေါ်လာ ၈၀၀ လောက် သက်သာတာ ဖြစ်ပါတယ်။ Flip series စတိုင် ထောင်လိုက် အပေါ်အောက်ခေါက်တဲ့ ဒီဇိုင်းဖြစ်ပြီး အရင် Z Flip မော်ဒယ်ထက် အပြင် cover screen ပိုကြီးလာသလို main screen ကိုလည်း refresh rate 60Hz ကနေ 120Hz အထိ အဆင့်မြှင့်လာပါတယ်။

           Unfolded အနေအထားမှာ ၆.၇ လက်မ အရွယ်အစားရှိပြီး FHD+ ရုပ်ထွက်ပါ AMOLED display သုံးထားပါတယ်။ Cover Screen က ၁.၉ လက်မ Super AMOLED ဖြစ်ပြီး ဖုန်းစရာမလိုဘဲ apps noti တွေကို စစ်နိုင်မှာပါ။ ‌ကျောဘက်မှာ ထောင်လိုက် Dual Cameras ( OIS + Dual Pixel AF ပါ 12MP main sensor နဲ့ 12MP ultra-wide lens) သုံးထားပြီး အတွင်းဘက် selfie ကင်မရာကတော့ punch hole နဲ့ပဲ ထွက်ထားတာပါ။

           Cream, Green, Lavender, Phantom Black, Gray, White နဲ့ Pink ဆိုပြီး အရောင် ၇ မျိုးနဲ့ လာပါတယ်။

 

           (၃) Samsung နဲ့ Google တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Galaxy Watch 4


Photo; notebookcheck

 

           Galaxy Watch က နှစ်မျိုးလာပါတယ်။ တစ်ခုက ၂၄၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်း) တန် Galaxy Watch 4 နဲ့ နောက်တစ်ခုက ၃၄၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမယ့် Classic မော်ဒယ်ပါ။ နာရီနှစ်မျိုးစလုံးဟာ Samsung ရဲ့ Exynos processor နဲ့ လာပါတယ်။ စိတ်ဝင်စားစရာအချက်တစ်ခုက နာရီအတွက် OS ကို Google နဲ့ Samsung တို့ရဲ့ Wear OS နဲ့ Tizen တို့ ပူးပေါင်းထားတဲ့ OS သစ် သုံးလာတာပါပဲ။

           WearOS ကို အခြေခံထားတဲ့ OneUI Watch နဲ့ လာတဲ့ Samsung ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်ပြီး WearOS ပေါ်မှာ ပထမဆုံး 5nm chipsets သုံးလာပါတယ်။ ရော်ဘာသားနဲ့လာပြီး ရိုးရိုးမော်ဒယ်မှာ Digital bezel ၊ စတိန်းလတ်စတီးကိုယ်ထည်သုံး Classic မော်ဒယ်မှာ Rotating bezel ပါရှိပါတယ်။ စမတ်နာရီဖြစ်တဲ့အတိုင်း ကျန်းမာရေးပိုင်းအတွက် အဓိကဦးတည်ထားပြီး သွေးစီးဆင်းမှုနဲ့ သွေးထုကို တိုင်းမယ့် PPG စနစ် ၊ နှလုံးခုန်နှုန်း သိနိုင်မယ့် ECG နဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှုကို အကဲဖြတ်စောင့်ကြည့်တဲ့ BIA နည်းပညာတွေကို Bioactive sensor မှာ ထည့်ပေးထားပါတယ်။

           

           (၄) Galaxy Buds 2


Photo: The Verge

 

           Samsung ရဲ့ မျိုးဆက်သစ် wireless earbud ဖြစ်တဲ့ Galaxy Buds 2 ဟာ ထွက်ဖူးတဲ့ Galaxy Buds စီးရီးမှာ အပေါ့ပါးဆုံးမော်ဒယ်ဖြစ်ပြီး Graphite, White, Oliver Green နဲ့ Lavender ဆိုပြီး အရောင်လေးမျိုးနဲ့ ထွက်ရှိထားပါတယ်။ ဘက်ထရီဟာ ငါးနာရီအထိ သီချင်းနားထောင်နိုင်ပြီး ဆူညံသံကို ၉၈% အထိ စစ်ထုတ်ဖယ်ရှားပေးနိုင်စွမ်းလည်း ပါရှိပါတယ်။ Wireless charging နဲ့လည်း အားသွင်းနိုင်ပြီး တခြား Galaxy ထုတ်ကုန်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ Auto Switch Solution လည်း ပါရှိပါတယ်။

           Samsung earbuds တွေထဲမှာ ဈေးအနည်းဆုံးလို့ ဆိုနိုင်ပါတယ်။ အရင် Galaxy Buds Plus နဲ့ Galxy Buds Live တို့ဟာ ဒေါ်လာ ၂၀၀ နဲ့ ဒေါ်လာ ၁၇၀ ဈေးတွေနဲ့ ထွက်ထားပါတယ်။ Galaxy Buds 2 ကတော့ ဒေါ်လာ ၁၅၀ (မြန်မာငွေ ၂ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က