အမုန်းစကားထိန်းချုပ်ရေးမူနဲ့ ပို့စ်ကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့မြန်မာစစ်ကောင်စီအကြား ပတ်သက်တဲ့အကြောင်း ဝေဖန်ခဲ့တဲ့ ပို့စ်တစ်ခုကို ပိတ်ထားရာကနေ ပြန်ဖွင့်ပေးဖို့ Facebook ကြီးကြပ်ရေးဘုတ်က Facebook ကို အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

           Facebook ကြီးကြပ်ရေးဘုတ်အဖွဲ့ဟာ တရုတ်နိုင်ငံကို ဝေဖန်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်းက လူမှုကွန်ရက်သုံးစွဲသူတစ်ဦးရဲ့ ပို့စ်ကို အများသိအောင် ပြန်တင်ပေးဖို့ Facebook ကို ညွှန်ကြားခဲ့ကြောင်း Engadget သတင်းက ဖော်ပြထားပါတယ်။ ဘုတ်အဖွဲ့ရဲ့ အဆိုအရ Facebook ဟာ ဒီပို့စ်ကို တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ယူဆပြီး အမုန်းစကားထိန်းချုပ်ရေးမူနဲ့ ပို့စ်ကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။



Photo: Yahoo News


           "ဒီဖြစ်ရပ်က နိုင်ငံရေးအရ ပြောကြားခွင့်ကို ကာကွယ်မှုနဲ့ အမုန်းစကား policy တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြလိုက်တာပါပဲ"လို့ Oversight Board က မှတ်ချက်ပြုထားပါတယ်။

           ပို့စ်တင်သူဟာ မြန်မာနိုင်ငံက ဖြစ်ဖို့ ရှိပြီး ဧပြီလထဲမှာ အခုလို မေးခွန်းထုတ်စရာသတင်းစကားကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာ ဖြစ်တယ်လို့ Engadget က ဆိုပါတယ်။ ပို့စ်မှာ (“$တရုတ်") လို့ သုံးနှုန်းထားပြီး ဟောင်ကောင်မှ တရုတ်ရဲ့မူဝါဒကို ကိုးကားရင်း ခပ်ကြမ်းကြမ်း ပြောဆိုရေးသားထားတာပါ။ ဒါကို Facebook ရဲ့ ပို့စ်ဘာသာပြန်မှုကနေ အကြောင်းအရာအကဲဖြတ်သူတွေက ဒါဟာ တရုတ်လူမျိုးတွေကို ဝေဖန်တာပဲဆိုပြီး ယူဆသွားတာ ဖြစ်ပါတယ်။ Facebook ရဲ့ အမုန်းစကားစည်းမျဉ်းတွေအရ လူတစ်ဦးတစ်ယောက် ၊ လူမျိုးတစ်ခုခုကို ပစ်မှတ်ထားစော်ကားတဲ့ ရန်စကားတွေကို ခွင့်ပြုမထားပါဘူး။


Photo: France24


           Facebook ရဲ့ ဆုံးဖြတ်ချက်ကို သုံးစွဲသူက ဒါဟာ ရွေးကောက်ခံခေါင်းဆောင်တွေကို အကြံပေးတာ ဖြစ်ပြီး မြန်မာစကားနားလည်တဲ့ တစ်ယောက်ယောက်နဲ့ ပြန်ပြီး သုံးသပ်သင့်တယ်လို့ အယူခံတက်ခဲ့ပါတယ်။ ဒီပို့စ်ကို Review လုပ်ပြီးတဲ့နောက်မှာ Oversight Board အဖွဲ့ဟာ သုံးစွဲသူဘက်က ရပ်တည်ခဲ့ပြီး ဒါဟာ တရုတ်လူမျိုးတွေကို ပြောတာထက် တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို ဝေဖန်တဲ့ပို့စ်ပဲ ဖြစ်တယ်လို့ ဘုတ်အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

           ဗမာစကားမှာ တိုင်းပြည်နဲ့ လူတွေကို စကားလုံးတစ်မျိုးပဲ Same Word သုံးတာဖြစ်တာကို နားလည်ဖို့ လိုမယ်လို့လည်း Oversight Board က ပြောပါတယ်။ တခြားအချက်အလက်တွေကို ထောက်ရှုခြင်းအားဖြင့် ဒီ user ဟာ တရုတ်နိုင်ငံကိုပဲ ရည်ညွှန်းတာ ရှင်းနေတယ်လို့လည်း ဘုတ်အဖွဲ့က ဆိုပါတယ်။ ဒါကြောင့် Facebook ကို ဒီပို့စ် ပြန်တင်ပေးဖို့ ညွှန်ကြားလိုက်တာပါ။

           အရင်ကလည်း မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးသူတစ်ဦးရဲ့ အဖယ်ရှားခံရတဲ့ ပို့စ်ကို ပြန်တင်ပေးဖို့ ဘုတ်အဖွဲ့က Facebook ကို ညွှန်ကြားခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က