ဒီတစ်ပတ်အတွင်း MyJobs မှာ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက ရာထူးမြင့်ပြီး လစာကောင်းတဲ့ Top အဖြစ်ဆုံး အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Personal Manager
အသက် ၂၀ ကနေ ၃၀ ကြားရှိပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်တဲ့ ဘွဲ့ရတွေအတွက် ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံကတော့ အနည်းဆုံး ၃ နှစ်ရှိဖို့ လိုအပ်ပြီး လစာကတော့ ၁၀သိန်း ကနေ ၁၅ သိန်းကြားရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ Head of Risk
ဒီရာထူးကတော့ လစာ သိန်း ၃၀ ကနေ ၃၅ သိန်းအထိ ရရှိနိုင်တဲ့ လစာဖြစ်ပါတယ်။ microfinance ကုမ္ပဏီကြီးတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပြီး စီနီယာအဆင့်တွေအတွက် ဖြစ်ပါတယ်။ အလုပ်အကိုင်အတွေ့အကြုံက ၇ နှစ်ရှိဖို့တော့ လိုပါတယ်နော်။ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
https://stock.adobe.com
၃။ Spare Parts Manager
စီမံခန့်ခွဲမှုအားကောင်းပြီး လူတွေအပေါ် ဦးဆောင်နိုင်စွမ်းရှိသူလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူတွေအတွက် လျှောက်ထားသင့်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ Automobile Spare Parts လောကမှာ လုပ်သက် ၅ နှစ်လောက် ရှိသူတွေ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်ပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
၄။ Assistant After Sales Service Manager
B.Tech, B.E (Mechanical, Mechatronics) ဘွဲ့ရ ကို ပိုဦးစားပေးပြီး တခြားဘွဲ့ရထားသူတွေအနေနဲ့လည်း Automotive Industry မှာ ၄ နှစ်လောက် အတွေ့အကြုံရှိသူတွေ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ ကားမောင်းကျွမ်းကျင်ပြီး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သူဆို ပိုကောင်းပါတယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။ Sales Manager
Sale ပိုင်းကို စိတ်ဝင်စားကြတဲ့သူတွေအတွက် လစာ ၁၅ သိန်းကနေ သိန်း ၂၀ အထိ ရရှိနိုင်ပြီး ကော်မရှင်ခပါ ထပ်ဆောင်းရရှိဦးမယ့် အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ Sales & Marketing လောကကအတွင်း လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၆ နှစ်ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
freepik.com
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။