ဒေါ်လာသန်း ၃၀ ကျော်ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဘလွန်းဒီအော ၆ ဆုရှင် လိုင်ယွန်နယ်မက်ဆီရဲ့ PSG အသင်း ပြောင်းရွှေ့မှုမှာ Crypto fan tokens တွေ သုံးပြီး လစာပေးချေမှုလည်း ပါမယ်လို့ ဆိုပါတယ်။

 

         ဘာစီလိုနာကနေ ပြင်သစ်ကလပ် Paris St-Germain အသင်းကို နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနဲ့ အသင်းသစ်ရဲ့စာချုပ်မှာ Cryptocurrency ပက်ကေ့ချ်တစ်ခုပါ ထည့်သွင်းစာချုပ်ချုပ်ထားတယ်လို့ ဆိုပါတယ်။ စာချုပ်ချုပ်ဆိုကြေးမှာ ထည့်ပေးလိုက်တဲ့ Crypto ကို $PSG Fan Tokens လို့ ခေါ်ပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကမှ PSG အသင်းက ဖြန့်ချိထားတာပါ။




Photo: Goal.com


         $PSG Fan Tokens ကို ၂၀၁၈ ကတည်းက PSG ဟာ Socios .com နဲ့ ပူးပေါင်းပြီး စတင်ဖန်တီးခဲ့တာပါ။ ကလပ်အသင်းနဲ့ အားပေးတဲ့ Fans တွေအကြား ဆန်းသစ်တဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပြီး fan tokens ရထားတဲ့သူတွေဟာ အသင်းခေါင်းဆောင်ကပ္ပတိန်လက်ပတ်အတွက် စိတ်ခွန်အားဖြစ်မယ့် မက်ဆေ့ချ်တွေ ရွေးတာမျိုး ၊ ကစားသမားတွေနဲ့ တွေ့ဆုံခွင့်တွေနဲ့ သီးသန့် content ရယူခွင့် စတာတွေလုပ်နိုင်မယ်လို့ ဆိုပါတယ်။ Fan Tokens တွေကို ငွေလဲကောင်တာ exchange မှာ အရောင်းအဝယ်လုပ်နိုင်ပါတယ်။

         Bitcoin နဲ့ တခြား Digital Currency တွေလိုမျိုးပဲ Fan Token တွေရဲ့ ဈေးဟာ အပြောင်းအလဲ ကြမ်းပါတယ်။ မက်ဆီကို PSG အသင်းက စာချုပ်ချုပ်နိုင်ကြောင်း သတင်းတွေ အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ PSG Fan Tokens ဈေးတွေလည်း မြင့်တက်လာနေပါတယ်။ ဒီတစ်ပတ်ထဲကို Fan Tokens ဈေးဟာ အရင်ကထက် ၈၅% မြင့်တက်ခဲ့ပြီး ၆၁.၂၃ ဒေါ်လာပေါက်ခဲ့ပါတယ်။အသင်းသစ်ကို မက်ဆီ မရောက်ခင် ၂၄ နာရီအတွင်း အရောင်းအဝယ်လုပ်ကြတဲ့ Trade Volume ဆို ဒေါ်လာ ၁.၂ ဘီလျံ ( ပေါင် ၇၂၂ သန်း) သန်းအထိ မြင့်တက်သွားခဲ့တယ်လို့ Reuters သတင်းက ဆိုပါတယ်။


Photo: bleacherreport


         PSG အသင်းဟာ အသင်းကို ရောက်လာတဲ့အတွက် ကြိုဆိုချီးမြှင့်တဲ့ welcome package အနေနဲ့ နှစ်နှစ်စာချုပ်ချုပ်ပြီးတဲ့နောက်မှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ Fan Tokens တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ Fan Tokens ပေးတဲ့ တန်ဖိုးအတိအကျ နဲ့ စာချုပ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကို Crypto နဲ့ ပေးမယ်ဆိုတဲ့အချက်ကို အသင်းဘက်က ထုတ်ပြန်ခြင်း မရှိပေမယ့် သတင်းတွေကတော့ ယူရို ၂၅ သန်းနဲ့ သန်း ၃၀ အကြားအထိ ရှိမယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။ PSG ဟာ ကစားသမားခေါ်ယူမှုမှာ ကမ္ဘာ့ပထမဆုံး Cryptocurrency ပေးချေမှုလုပ်တဲ့ အသင်းလို့ ဆိုရမှာပါ။

        မက်ဆီကို PSG အသင်း ခေါ်ယူနိုင်မယ့်သတင်းတွေ ထွက်လာချိန်မှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၅၂ သန်းခန့် ရှိတဲ့ PSG Tokens တွေဟာ ငါးရက်အတွင်း ၁၃၀% ကျော် တက်ခဲ့ပါတယ်။ Fan Tokens ဟာ ကမ္ဘာတစ်လွှားအားကစားအသင်းတွေအကြားမှာ ခေတ်စားလာဖို့ ရှိပါတယ်။ ဒီနှစ်ထဲမှာပဲ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ အီတလီစီးရီးအေမှ အေစီမီလန်တို့ဟာလည်း Fan Tokens တွေ ဖြန့်ချိဖို့ ရှိပါတယ်။ မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာလည်း ပြီးခဲ့တဲ့နှစ်ထဲမှာ Fan Token တစ်ခု ဖြန့်ချိခဲ့ပါတယ်။

Share

Loading Next Article...
က္က