ကစားသမားရဲ့ အမြင့်ဘောစွမ်းဆောင်ရည်အားနည်းချက်ကြောင့်ပါ။

လီဗာပူးလ်အသင်းနောက်ခံလူဟောင်းကာရေဂါက ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်အသင်းအရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက်အသင်းတွေဟာ နောက်ခံလူဘန်ဝှိုက်ရဲ့ အားနည်းချက်တွေကို အားသာချက်အနေနဲ့ အသုံးချကြလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ကာနော့စ်၊ နော်ဂတ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဘရန်ဖို့ဒ်က အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပေါင်သန်း ၅၀ တန် ဘန်ဝှိုက်ကတော့ စိတ်ပျက်ဖွယ်ခြေစွမ်းကိုသာ ပြသခဲ့တာဖြစ်ပါတယ်။ 

Sky Sports ကတဆင့် ကာရေဂါက ပြောဆိုခဲ့ရာမှာတော့ ဘန်ဝှိုက်အနေနဲ့ ဘရိုက်တန်မှာ ကစားခဲ့သလို သုံးယောက်တန်းခံစစ်တန်းက အခွင့်အရေးမျိုးတွေရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ လီဗာပူးလ်အနေနဲ့ ဘန်ဝှို်က်ကို ခေါ်ယူချင်တယ်လို့ သတင်းတွေထွက်ခဲ့စဉ်က ရောက်မလာဖို့အတွက်ပါ သူမျှော်လင့်ခဲ့ကြောင်း ကာရေဂါကပြောဆိုခဲ့ပြီး ကစားသမားရဲ့ အမြင့်ဘောစွမ်းဆောင်ရည်အားနည်းချက်ကြောင့်ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ 

"ဒီပွဲမတိုင်ခင်မှာ ကျွန်တော် သူ့အကြောင်းပြောခဲ့ပါတယ်၊ ဘောလုံးနဲ့အတူ သူ ရှေ့ထိလိုက်သွားနိုင်မယ့် အခွင့်အရေးဘယ်လောက်ရမလဲဆိုတာကိုပေါ့၊ ချန်ဘာစ်က တိုက်စစ်ကို လိုက်ပါခြင်းမရှိခဲ့သလို တခါတလေမှာ သူက ညာခြမ်းဗဟိုခံစစ်နေရာမှာတောင်ရှိနေခဲ့ပါတယ်၊ ဒါက ဘန်ဝှိုက်ကို ရှေ့ထိလိုက်ပါဖို့ မဖြစ်စေခဲ့ဘဲ သူ့အရည်အသွေးကို ပြသဖို့၊ အသင်းနဲ့ပေါင်းစည်းဖို့ အခွင့်အရေးတွေနည်းပါးစေခဲ့ပါတယ်"

"စျေးကြီးပေးဝယ်ခဲ့ရလို့ သူ့ကောင်းကောင်းကစားတာကို ခင်ဗျားမြင်ချင်မှာပဲ၊ ဒါပေမယ့် အာဆင်နယ်က သူ့ကိုဝယ်ဝယ်ချင်းပြောခဲ့ဖူးပါတယ်၊ လီဗာပူးလ်ကလည်း ဘန်ဝှိုက်ကိုခေါ်ယူချင်နေခဲ့တာပါ၊ ကျွန်တော်ထိတ်လန့်ခဲ့ရပြီး လီဗာပူးလ်ကိုသူရောက်လာမှာ ကျွန်တော်မလိုချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူက အရပ်အမောင်းမမြင့်မားသလို အမြင့်ဘောကစားရာမှာလည်း အားနည်းလို့ပါ၊ ဘရိုက်တန်မှာ ၃ ယောက်တန်းခံစစ်ကစားတော့ ကျန်တဲ့နှစ်ဦးက လူသန်ကြီးတွေပါ၊ ဝက်ဘ်စတာနဲ့ ဒန့်ခ်လေ၊ ဒါကြောင့် သူ ရှေ့တက်နိုင်တယ်၊ တည်ကန်ဘောတွေကနေလည်း ပြသနာမရှိခဲ့ဘူး"

"လေးယောက်တန်းခံစစ်ကစားရင်တော့ ဗဟိုခံစစ်မှူးတွေက လေထဲမှာကစားတာကောင်းရပါမယ်၊ လိမ္မာပါးနပ်ရပါမယ်၊ ခန္ဓာကိုယ်ကိုကောင်းကောင်းအသုံးချပြီး ပါးပါးနပ်နပ်ဖျက်ထုတ်တတ်ရပါတယ်၊သူက လူငယ်ကစားသမားဆိုပေမယ့် အရပ်ကထပ်ရှည်လာမှာမဟုတ်တော့ဘူး၊ ဒါက သူ့အတွက် ပြသနာပါပဲ" လို့ ကာရေဂါက ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က