ကျောနံပါတ် ၄ ကို တောင်းဆိုခဲ့ပေမယ့် အငြင်းခံခဲ့ရတာပါ။

ဗာရာနီဟာ ကျောနံပါတ် ၄ ကို ဝတ်ဆင်ကစားခွင့်ရမလားလို့ မေးမြန်းခဲ့ပေမယ့်လည်း အဆိုပါနံပါတ်ကို လက်ရှိမှာ ရရှိထားတဲ့ အခြားနောက်ခံလူဖီးလ်ဂျုံးစ်ကတော့ ငြင်းဆန်သွားခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့နောက်ခံလူသစ်ရာဖေးလ်ဗာရာနီကို မနေ့က လိဒ်ယူနိုက်တက်နဲ့ပွဲ မကစားခင်မှာပဲ အသင်းပရိသတ်တွေနဲ့ မိတ်ဆက်မှုတွေပြုလုပ်ပေးသွားခဲ့ပါတယ်။ ကွာရန်တင်းဝင်ခဲ့ရတဲ့ အခြေအနေကြောင့် စာချုပ်ကိစ္စနှောင့်နှေးမှုတွေရှိနေပြီး အသင်းအတွက်လည်း ဝင်ကစားပေးဖို့ အသင့်မဖြစ်ခဲ့တဲ့ ဗာရာနီဟာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစားမယ်လို့လည်း အသိပေးသွားခဲ့ပါတယ်။ 

အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ လိဒ်နဲ့ပွဲကို လာရောက်ကြည့်ရှုသူပရိသတ်အများအပြားရှေ့မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဟောင်းဒန်နီဝဲလ်ဘက်ခ်ဝတ်ဆင်ခဲ့တဲ့ နံပါတ်ကို ဗာရာနီကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။ ပေါင် ၄၂ သန်းတန် ပြင်သစ်နောက်ခံလူဟာ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားရမယ်လို့ သတင်းကြီးနေပြီး လိဒ်နဲ့ပွဲမှာတော့ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားအတွဲက ကစားသွားခဲ့ပါတယ်။ 


ဗာရာနီဟာ ကျောနံပါတ် ၄ ကို ဝတ်ဆင်ကစားခွင့်ရမလားလို့ မေးမြန်းခဲ့ပေမယ့်လည်း အဆိုပါနံပါတ်ကို လက်ရှိမှာ ရရှိထားတဲ့ အခြားနောက်ခံလူဖီးလ်ဂျုံးစ်ကတော့ ငြင်းဆန်သွားခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ ဖီးလ်ဂျုံးစ်ကတော့ ၂၀၁၁ မှာ ဘလက်ဘန်းကနေ ယူနိုက်တက်ကို ရောက်ရှိခဲ့ချိန်မှာ အဆိုပါနံပါတ်ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းအတွက်မကစားပေးနိုင်တာ ၁၈ လ ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ 

အင်္ဂလန်နောက်ခံလူဟာ အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတော့သူဖြစ်ပေမယ့် ကမ်းလှမ်းတဲ့အသင်းမရှိသလို စာချုပ်သက်တမ်းကလည်း ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗာရာနီရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့တာကြောင့် ပြင်သစ်နောက်ခံလူဟာ ကျောနံပါတ် ၁၉ ကို ပြောင်းလဲရွေးချယ်ခဲ့ရပြီး အဆိုပါနံပါတ်ဟာ ရီးရဲလ်ကစားသမားဘဝ ပထမဆုံးရာသီတုန်းက ဝတ်ဆင်ခဲ့တဲ့ နံပါတ်လည်းဖြစ်တယ်လို့ သိရပါတယ်။ 

Share

က္က