နောက်ထပ် ၄ နှစ် ထပ်ကစားပေးမယ်လို့ ဆိုခဲ့ပါတယ်။

လေဗာကူဆင်ကနေ စပါးကို ၂၀၁၅ မှာ ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ အသင်းအတွက် ၆ နှစ်ကြာ ကစားပေးပြီးဖြစ်ပါတယ်။


မန်စီးတီးနဲ့ပွဲမှာ စပါးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆွန်ဟောင်မင်က စပါးမှာ ၁၀ နှစ်ကြာကစားပေးဖို့ မျှော်မှန်းထားကြောင်း ပွဲအပြီးမှာပြောဆိုလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယားသားဟာ ပွဲချိန် ၅၅ မိနစ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး စပါးကိုအဖိုးတန်အနိုင်သုံးမှတ်ရရှိစေခဲ့ပါတယ်။ 

လေဗာကူဆင်ကနေ စပါးကို ၂၀၁၅ မှာ ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ အသင်းအတွက် ၆ နှစ်ကြာ ကစားပေးပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း ၂၀၂၅ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ ပွဲပေါင်း ၂၀၀ နီးပါးကစားပေးထားပါတယ်။ ဒီရာသီအဖွင့်ပွဲမှာလည်း စပါးအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးပြီး အသင်းရဲ့သူရဲကောင်းဖြစ်ခဲ့ပါတယ်။

Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆွန်က "နောက်ထပ်လေးနှစ်ကျွန်တော်အသင်းမှာဆက်ရှိနေမှာပါ၊ ဘောလုံးမှာတော့ ဘာကိုမှ ကတိမပေးနိုင်ပါဘူး၊ ဘာဖြစ်လာမလဲစောင့်ကြည့်ရုံပါပဲ၊ အသင်းနဲ့လည်း ကျွန်တော်စာချုပ်ချုပ်ဆိုခဲ့တာက ဒီကနေ ဘယ်ကိုမှ မပြောင်းရွှေ့ချင်လို့ပါပဲ၊ ဒီမှာ ၁၀ နှစ် ဒါမှမဟုတ် ၁၀ နှစ်ထက်ပိုပြီးတော့ ကစားနိုင်ကောင်းကစားနိုင်ပါလိမ့်မယ်၊ အနာဂတ်မှာဘာဖြစ်မလဲကိုတော့ ဘယ်သူမှမသိနိုင်ဘူးလေ"
"ဒါပေမယ့် နေ့တိုင်းကျွန်တော်အာရုံစိုက်နေပြီး နေ့တိုင်း၊ ရာသီတိုင်းမှာ တိုးတက်လာဖို့ကို ကြိုးစားနေပါတယ်၊ ၁၀ နှစ်ကြာပြီး အမှတ်တရပွဲကစားဖို့ထက် စိတ်ဓာတ်ပိုင်းက ပိုအရေးကြီးတယ်လို့လည်း ကျွန်တော်ထင်ပါတယ်' လို့ ပြောကြားခဲ့ပါတယ်။ ကလပ်အသင်းရဲ့ကမ်းလှမ်းမှုဟာ သူ့အပေါ်မှာ ချစ်ခင်ကြောင်းပြသခဲ့တာလို့ ခံစားရကြောင်းလည်း ဆွန်က ပြောဆိုခဲ့ပါတယ်။ 


"စာချုပ်သစ်ကို ကျွန်တော်မျှော်လင့်မထားပါဘူး၊ နှစ်နှစ်တောင်မှ စာချုပ်လက်ကျန်ရှိနေခဲ့တာပါ၊ သူတို့က ကျွန်တော့်ကို ဘယ်လောက်ထိချစ်မြတ်နိုးလဲ ပြသခဲ့တာပါ၊ ကျွန်တော်ဒီမှာ ၆ နှစ်တောင် ကစားခဲ့ပြီးပါပြီ၊ ဒါပေမယ့် သူတို့က ကျွန်တော်ကို့အများကြီးပေးစွမ်းခဲ့ကြပြီးတော့ ကျွန်တော်ကလည်း သူတို့ကို တစ်ခုခုပြန်ပေးချင်ခဲ့ပါတယ်၊ ဒီမှာရှိနေတာကို ကျွန်တော်ဂုဏ်ယူပါတယ်၊ ဒီအသင်းအတွက်ကစားပေးရတာ ဂုဏ်ယူစရာပါပဲ၊ အသင်းက အောင်မြင်မှုရယူနိုင်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က