ဖိလစ်ပိုင်မှ ကူးစက်မှုနဲ့အတူ တောင်အမေရိကမှာ စတင်တွေ့ရှိခဲ့ရတဲ့ လမ်ဒါဟာ အရှေ့တောင်အာရှဒေသတွင်းသို့ ပျံ့နှံ့ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်

ဖိလစ်ပိုင်နိုင်ငံမှာ လမ်ဒါ (Lambda) မျိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဩဂုတ် ၁၅ ရက်) မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှ ကူးစက်မှုနဲ့အတူ တောင်အမေရိကမှာ စတင်တွေ့ရှိခဲ့ရတဲ့ လမ်ဒါဟာ အရှေ့တောင်အာရှဒေသတွင်းသို့ ပျံ့နှံ့ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးပါက COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ယမန်နေ့အထိ တရားဝင် ထုတ်ပြန်မှုအရ ကူးစက်ခံရသူ ၁.၇၄ သန်းကျော်နဲ့ သေဆုံးသူ ၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။



(မနီလာမြို့မှာ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသူများ) (Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) နဲ့ အခြား ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေက လမ်ဒါကို စောင့်ကြည့်ရမယ့် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားကြပါတယ်။ လမ်ဒါကို ယမန်နှစ် နှောင်းပိုင်းက ပီရူးနိုင်ငံမှာ စတင်တွေ့ခဲ့ရပြီးနောက် တောင်အမေရိကမှာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခဲ့ပြီး ဓာတ်ခွဲခန်း စမ်းသပ်လေ့လာမှုအရ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ လမ်ဒါဗိုင်းရပ်စ်က ကမ္ဘာ့အခြားနေရာတွေကိုပါ ပျံ့နှံ့ရောက်ရှိလာခဲ့ပါတယ်။ လမ်ဒါဟာ လက်ရှိ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံထက်မနည်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗီဇပြောင်း ဒယ်လ်တာ (Delta) ဗိုင်းရပ်စ်ထက် ပိုမိုအန္တရာယ်ရှိ မရှိ အတိအကျ မသိရသေးပါဘူး။

သို့သော် လမ်ဒါဟာ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ တိုကျိုတက္ကသိုလ်မှ အကြီးတန်းသုတေသီ Kei Sato က ဆိုပါတယ်။ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအချို့ကတော့ လမ်ဒါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ လျော့ကျသွားနိုင်တယ်လို့ Reuters သတင်းဌာနကို ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က