လမ်ဒါဗိုင်းရပ်စ်အကြောင်းကို လေ့လာစရာများစွာ ကျန်ရှိနေသေးပြီး သုတေသီတွေ လတ်တလော တွေ့ရှိထားချက်အချို့ ဖြစ်ပါတယ်

COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်မျိုးကွဲအသစ်တွေ ထပ်မံရှိလာနေခဲ့ရာ ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့ရ လမ်ဒါ (Lambda) မျိုးဗီဇပြောင်းဗိုင်းရပ်စ်ဟာ ပီရူးကနေ တောင်အမေရိကမှာ လျင်မြန်စွာ ပျံ့နှံ့နေခဲ့ရာမှ ယခုအခါ အရှေ့တောင်အာရှ အပါအဝင် အခြား ကမ္ဘာ့နေရာတွေကိုပါ ရောက်ရှိလာခဲ့ပါတယ်။

လမ်ဒါဟာ နောက်ဆုံးတွေ့ရှိရတဲ့ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်း သုတေသီတွေက စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားပါတယ်။ လမ်ဒါဗိုင်းရပ်စ်အကြောင်းကို လေ့လာစရာများစွာ ကျန်ရှိနေသေးပြီး သုတေသီတွေ လတ်တလော တွေ့ရှိထားချက်အချို့ကို စုစည်းဖော်ပြထားပါတယ်။



လမ်ဒါ ဗီဇပြောင်းဗိုင်းရပ်စ်ဆိုတာ?

လမ်ဒါ ဗီဇပြောင်းဗိုင်းရပ်စ် သို့မဟုတ် C.37 ဟာ ပီရူးနိုင်ငံမှာ အစောဆုံးအနေနဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်း စတင်တွေ့ခဲ့ရပြီးနောက် တောင်အမေရိကတစ်ဝန်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizaion - WHO) က လမ်ဒါကို စောင့်ကြည့်ရမယ့်ဗိုင်းရပ်စ်အဖြစ် ယခုနှစ် ဇွန်လအတွင်း သတ်မှတ်ခဲ့ပါတယ်။

ကူးစက်မှုတွေ့ရတဲ့ နိုင်ငံတွေ

လမ်ဒါဗိုင်းရပ်စ် ကူးစက်မှုတွေကို ဩဂုတ်လလယ်ပိုင်းအထိ နိုင်ငံ ၄၂ ခုမှာ တွေ့ရှိထားပါတယ်။ လမ်ဒါဗိုင်းရပ်စ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံတွေကတော့ ချီလီ၊ အမေရိကန်၊ ပီရူး၊ အီကွေဒေါ၊ မက္ကစီကို၊ စပိန်၊ အာဂျင်တီးနား၊ ဂျာမနီ၊ ပြင်သစ်၊ ကိုလံဘီယာ၊ အစ္စရေး၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယ်သာလန်၊ စိန့်ကစ်နဲ့ နီဗစ်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ အီတလီ၊ ဘရာဇီး၊ အိန္ဒိယ၊ ဒိန်းမတ်၊ ဆွီဒင်၊ တောင်အာဖရိက၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ကာတာ၊ လတ်ဗီးယား၊ အာရူဘာ၊ ဘိုလီးဗီးယား၊ ဥရုဂွေး၊ ဩစတြေးလျ၊ လစ်သူယေးနီးယား၊ နော်ဝေ၊ အက်စ်တိုးနီးယား၊ ရုရှား၊ ဖင်လန်၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ပိုလန်၊ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။

လမ်ဒါက ပိုပြီးအန္တရာယ်ရှိလား?

လက်ရှိ ကူးစက်မှုအမြန်ဆုံးဖြစ်နေတဲ့ ဒယ်လ်တာ (Delta) အပါအဝင် အခြား မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေနဲ့ နှိုင်းယှဥ်ပါက ပိုမိုကူးစက်နိုင်ခြင်းနဲ့ ကာကွယ်ဆေးတွေကို ပိုမိုခုခံနိုင်ခြင်းရှိ မရှိ အပါအဝင် လမ်ဒါအကြောင်းကို နားလည်သိရှိနိုင်ရန် WHO နဲ့ အခြား အများပြည်သူဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက ကြိုးပမ်းနေကြပါတယ်။ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအချို့ကတော့ လမ်ဒါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ လျော့ကျသွားနိုင်တယ် ဆိုပါတယ်။

ကာကွယ်ဆေးတွေက လမ်ဒါအတွက် အလုပ်ဖြစ်သလား?

လမ်ဒါဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး Pfizer-BioNTech, Moderna, Oxford-AstraZeneca အပါအဝင် COVID-19 ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေပါသေးတယ်။ ဂျပန်သုတေသီတွေကတော့ လမ်ဒါဟာ ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိတယ်လို့ ပြောထားပါတယ်။ 

(လမ်ဒါနဲ့ပတ်သက်ပြီး သုတေသီတွေက လေ့လာမှုများ ပြုလုပ်နေကြရာ အချက်အလက် အပြောင်းအလဲ ရှိလာနိုင်ပါတယ်)

Ref: WHO, Janpan Times, CNN, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က