တိုက်စစ်မှူးသစ် လူကာကူ ပါဝင်ကစားပေးမယ်လို့ ဆိုပါတယ်။

လူကာကူဟာ ကွာရန်တင်းစည်းမျဉ်းကြောင့် ပဲေ့လစ်နဲ့အဖွင့်ပွဲကို ပါဝင်ကစားပေးခြင်းမရှိခဲ့သလို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတာမျိုးလည်း မရှိသေးတာဖြစ်ပါတယ်။


ချယ်လ်ဆီးအသင်းတိုက်စစ်မှူးသစ် လူကာကူဟာ တနင်္ဂနွေ့နေ့မှာကစားမယ့် အာဆင်နယ်နဲ့ပွဲကို ဝင်ရောက်ကစားပေးဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးကို ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ပြီးနောက် လူကာကူဟာ ကွာရန်တင်းစည်းမျဉ်းကြောင့် ပဲေ့လစ်နဲ့အဖွင့်ပွဲကို ပါဝင်ကစားပေးခြင်းမရှိခဲ့သလို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတာမျိုးလည်း မရှိသေးတာဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ မနက်ဖြန်မှာ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းတော့မယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းကို တကျော့ပြန်ရောက်ရှိလာပြီးနောက် လူကာကူအပေါ်မှာ အားလုံးရဲ့စောင့်ကြည့်မှုတွေက ရောက်ရှိနေပြီး သူ့ရဲ့ပထမဆုံးပွဲဟာ အာဆင်နယ်နဲ့ကစားရမယ့် လန်ဒန်ဒါဘီပွဲဖြစ်နေတာကြောင့် ပိုမိုစိတ်ဝင်စားဖွယ်ရာကောင်းလာခဲ့ပါတယ်။ 


အင်တာမီလန်ကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်စီးရီးအေဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့နောက် လူကာကူကို နည်းပြတူချယ်လ်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူက အင်တာမီလန်အတွက် စိးရီးအေသွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ရော်နယ်ဒိုရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သလို စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လူကာကူ ပါဝင်လာမယ်ဆိုတဲ့အနေအထားကတော့ အဖွင့်ပွဲမှာ တန်းတက်ဘရန်ဖို့ဒ်ကို အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်အတွက် စိုးရိမ်ဖွယ်ရာလည်းဖြစ်ပါတယ်။ နာမည်ကြီးထမင်းငတ်အသင်းဆိုတဲ့ နာမည်ပြောင်ကို စတင်ရရှိလာတဲ့ အာဆင်နယ်အတွက် ပြိုင်ဘက်အသင်းက ချယ်လ်ဆီးဖြစ်နေတဲ့အပြင် တိုက်စစ်မှူးသစ်ကပါ ဝင်ရောက်ကစားပေးတော့မှာဖြစ်လို့ ပိုမိုခက်ခဲတဲ့ အသင်းကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 

Share

က္က