ပြင်သစ်အသင်းဖော်တွေဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗာရာနီကို မနေ့ကပဲ တရားဝင်ကစားသမားအဖြစ် ကြေညာခဲ့ပြီး ပြင်သစ်နောက်ခံလူဟာ အသင်းသစ်နဲ့အတူ ပထမဆုံးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူသစ် ရာဖေးလ်ဗာရာနီက ပြင်သစ်အသင်းဖော်ပေါ့ဂ်ဘာနဲ့ ပြန်လည်လက်တွဲရတဲ့အပေါ်မှာ အရမ်းပျော်ရွှင်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဗာရာနီကို မနေ့ကပဲ တရားဝင်ကစားသမားအဖြစ် ကြေညာခဲ့ပြီး ပြင်သစ်နောက်ခံလူဟာ အသင်းသစ်နဲ့အတူ ပထမဆုံးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ 

ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးအင်တာဗျူးကို ဗာရာနီပြုလုပ်ခဲ့ရာမှာ အထက်ပါအတိုင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာ ပေါ့ဂ်ဘာနဲ့ ကာလရှည်တွဲဖက်ကစားခဲ့ပေမယ့် ကလပ်အသင်းအဆင့်မှာတော့ ပထမဆုံးအကြိမ်လက်တွဲရမှာဖြစ်ပြီး ဆုဖလားတွေ ရယူနိုင်ဖို့အတွက် သူတို့တတ်စွမ်းသမျှလုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗာရာနီက ဆိုပါတယ်။ 

"အရမ်းပျော်ရွှင်ရပါတယ်၊ သူ့ကိုကျွန်တော်သိတာ နှစ်ပေါင်းများစွာကြာပါပြီ၊ ပြင်သစ်လက်ရွေးစင်အသင်းမှာ အတူတူစတင်ကစားခဲ့ကြပြီးတော့ သူက ကစားသမားကောင်းတစ်ဦးလည်းဖြစ်ပါတယ်၊ သူနဲ့ကျွန်တော် ရည်မှန်းချက်ချင်းတူမယ်လို့လည်း ထင်တယ်၊ ဒါကြောင့် ဆုဖလားတွေရယူဖို့ တတ်စွမ်းသမျှ ကျွန်တော်တို့လုပ်ပြီး ပြင်းပြင်းထန်ထန်အားထုတ်သွားဖို့ အသင့်ဖြစ်နေပါပြီ"

"ပေါ့ဂ်ဘာက အကောင်းမြင်တတ်သူဖြစ်ပြီး အရမ်းကောင်းတဲ့စွမ်းအင်တွေလည်း ရှိပါတယ်၊ အဝတ်လဲခန်းထဲမှာ၊ ကွင်းထဲမှာ အသင်းဖော်တွေ တက်ကြွအောင်လှုံ့ဆော်ပေးနိုင်သူပါ၊ ကျွန်တော်တို့က မတူကွဲပြားပေမယ့် ပြီးပြည့်စုံမှုရှိပါတယ်၊ မတူညီတဲ့ခေါင်းဆောင်မှုပုံစံတွေ၊ စရိုက်လက္ခဏာတွေရှိနေတာက အသင်းအတွက် အရမ်းအရေးကြီးပါတယ်" လို့ MUTV ကနေ ဗာရာနီက ပြောကြားခဲ့ပါတယ်။ 


ယူနိုက်တက်ကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗာရာနီဟာ ကျောနံပါတ် ၁၉ ကိုဝတ်ဆင်ကစားသွားမှာဖြစ်ပြီး လာမယ့်အပတ်ပွဲစဉ်ကို ပါဝင်ကစားပေးဖွယ်ရှိနေပါတယ်။

Share

က္က