လိဒ်နဲ့ပွဲမှာ ၄ ကြိမ်အထိ ဖန်တီးပေးခဲ့တာပါ။

ပြီးခဲ့တဲ့ တရာသီလုံး ပရီးမီးယားလိဂ်မှာ ၃ ကြိမ်သာဖန်တီးပေးနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ရာသီဖွင့်ပွဲမှာပဲ ၄ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က အသင်းဖော်ပေါ့ဂ်ဘာဟာ တစ်ပွဲကိုလေးကြိမ်ထက်မက ဖန်တီးပေးနိုင်သူဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပေါ့ဂ်ဘာက လေးကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဘရူနိုကတော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ အသင်းအတွက် ကိုယ်စီခြေစွမ်းပြခဲ့ပြီး နိုင်ပွဲရယူပေးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ တရာသီလုံး ပရီးမီးယားလိဂ်မှာ ၃ ကြိမ်သာဖန်တီးပေးနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ရာသီဖွင့်ပွဲမှာပဲ ၄ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်လူရဲ့ ခြေစွမ်းအပေါ် ချီးကျူးမှုတွေလည်း ရှိနေခဲ့ပြီး သူနဲ့အတွဲဖက်ညီညီကစားနေတဲ့ ပေါ်တူဂီကွင်းလယ်လူကလည်း အထင်ကြီးဖွယ်စွမ်းဆောင်ရည်အပေါ်ကို ချီးကျူးအသိအမှတ်ပြုခဲ့ပါတယ်။ 

"သူ့စွမ်းဆောင်ရည်က အံ့မခန်းပါပဲ၊ သူကောင်းကောင်းလုပ်ပြနိုင်ခဲ့ပြီး သူက ကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ၊ လူတိုင်းလည်း ဒါကိုသိပါတယ်၊ သူ ဒီခြေစွမ်းကို ဆက်ထိန်းပြီး ပိုကောင်းလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ သူ ဒီထက်မကပိုပြီးတော့ လုပ်နိုင်သေးလို့ပါ၊ တစ်ပွဲကို သူက ငါးကြိမ် ဒါမှမဟုတ် ခြောက်ကြိမ်လောက် ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"

"သူက အရည်အသွေးမြင့်ကစားသမားတစ်ဥိးဖြစ်ပြီး အားလုံးက သူ့အပေါ်ယုံကြည်ပါတယ်၊ သူ့အရည်အသွေးကို အားလုံးသိထားပြီးသားပါ၊ ဒီလိုစွမ်းဆောင်ရည်ကို သူလုပ်ပြပြီး အသင်းကိုပိုကောင်းလာအောင် ကူညီဖို့နဲ့ ဒီမှာ ဒါကိုသူလုပ်နိုင်မယ်ဆိုတာ သေချာပါတယ်" လို့ MUTV ကတဆင့် ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာကတော့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်အတွက်တော့ သဘောတူညီမှုမရရှိသေးဘူးလို့ သိရပါတယ်။ 

Share

က္က