မျက်နှာသစ်ဆပ်ပြာကိုရွေးချယ်အသုံးပြုခြင်းက အရေးပါတယ်လို့ အရေပြားဆရာဝန်တွေ ၊ အလှအပ ပညာရှင်တွေ အမြဲပြောလေ့ရှိပါတယ်။

မျက်နှာအရေပြားပေါ်က ဘက်တီးရီးယားတွေ ၊ ညစ်ညမ်းမှုတွေ ၊ ဗိုင်းရပ်စ်တွေ ၊ ဆဲလ်အဟောင်းတွေကို နေ့စဉ် သန့်စင်ဖယ်ရှားဖို့လိုပါတယ်။ဒါမှသာ ဝက်ခြံဖုတွေ ဆားဝက်ခြံတွေကို တားဆီးနိုင်ပြီး အသားအရေကြည်ကြည်လင်လင် ရှိနိုင်မှာဖြစ်ပါတယ်။



ဒီလိုမျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ရာမှာ ပုံမှန်အားဖြင့်ဆိုရင်တော့ တစ်နေ့နှစ်ကြိမ် သန့်စင်ဖို့ မလိုပေမယ့် မျက်နှာပေါ်မှာ တစ်ခုခုလိမ်းတာ ၊ ခြယ်သတာတွေရှိရင်တော့ တစ်နေ့နှစ်ကြိမ်သန့်စင်ဖို့ လိုပါတယ်။ 

ဒါ့အပြင် မျက်နှာသန့်စင်ရာမှာ မျက်နှာသစ်ဆပ်ပြာကို ကြုံသလိုမဝယ်သင့်ဘဲ ကိုယ့်အသားအရေ အမျိုးအစားနဲ့သင့်တော်တဲ့ ဆပ်ပြာ ၊ မျက်နှာသစ်ဆေးတို့ကို ရွေးချယ်အသုံးပြုခြင်းက အရေးပါတယ်လို့ အရေပြားဆရာဝန်တွေ ၊ အလှအပပညာရှင်တွေ အမြဲပြောလေ့ရှိပါတယ်။

မိမိအသားအရေကို အမျိုးအစားဘယ်လိုခွဲခြားမလဲ

Photo-manometcurrent.com

လူတစ်ယောက်ရဲ့ အသားအရေကို အခြေခံအားဖြင့် ပုံမှန် ၊ ခြောက်သွေ့ ၊ အဆီပြန် ၊ ပေါင်းစပ် (အဆီပြန်နှင့်ခြောက်သွေ့) ၊ ထိခိုက်လွယ် ဆိုပြီး ငါးမျိုးခွဲခြားနိုင်ပါတယ်။

ပုံမှန်အသားအရေ

ဒီအသားအရေပိုင်ရှင်တွေကတော့ အထူးတလည်ဂရုစိုက်ဖို့ မလိုဘဲ သန့်ရှင်းနူးညံ့တဲ့ မျက်နှာအသွင်အပြင်ရှိ ပြီးသား ဖြစ်ပါတယ်။ အသားအရေခြောက်သွေ့တာ ၊ အဆီပြန်တာမရှိဘဲ အဖုအပိန့်လည်း ကင်းတဲ့သူတွေ ဖြစ်ပါတယ်။

ထိခိုက်လွယ်အသားအရေ

ဒီအသားအရေပိုင်ရှင်တွေကတော့ လှုံ့ဆော်မှုတစ်ခုခုကို တုံ့ပြန်ဖို့ လွယ်တဲ့အမျိုးအစားမျိုးဖြစ်ပြီး အသားအရေ ပူတာ ၊ ခပ်တင်းတင်းဖြစ်တာ ၊ နီတာ ၊ ယားယံတာတွေကို ခံစားရတတ်ကြပါတယ်။ပိုးမွှားတွေနဲ့ ဓာတ်မတည့်မှုတွေဖြစ်နိုင်ချေများပြီး အသားအရေထိခိုက်ဖို့ လွယ်ကူပါတယ်။

ခြောက်သွေ့သောအသားအရေ

အသားအရေခြောက်သွေ့တာဟာ ရာသီဥတု ၊ လေထုစိုထိုင်းဆ ၊ ရေနွေးစိမ်တာ စတဲ့အကြောင်း အချက်တွေကြောင့်လည်း ယာယီအသားခြောက်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့အသားအရေတွေကျ အမြဲခြောက်သွေ့ပြီး ယားယံ ၊ နီရဲ ၊ အက်ကွဲနိုင်ပါတယ်။ 

အဆီပြန်အသားအရေ

အဆီဂလင်းတွေကနေ အဆီအလွန်အကျွံထုတ်လွှတ်မှုကြောင့်ဖြစ်ပြီး မျိုးရိုးဗီဇ ၊ ဟော်မုန်းတွေကြောင့် ဖြစ်တတ်ပါတယ်။ အသက်၃၀အောက် လူငယ်တွေ အဖြစ်များပြီး ဝက်ခြံအလွန်ဖြစ်လွယ်တဲ့ အသားအရေဖြစ်ပါတယ်။

ပေါင်းစပ်အသားအရေ

မျက်နှာတစ်ခုထဲမှာတင် ခြောက်သွေ့တဲ့အသားအရေနဲ့ အဆီပြန်တဲ့အသားအရေ နှစ်ခုလုံးရဲ့ လက္ခဏာတွေ ရှိနေတာပါ။ ပါးပြင်တစ်ဝိုက်က ခြောက်သွေ့ပြီး T-ဇုန်လို့ခေါ်တဲ့ နဖူး ၊ နှာခေါင်းနဲ့ မေးစေ့နေရာတွေ အဆီပြန်တတ်သူ ဖြစ်ပါတယ်။

အသားအရေအလိုက် ရွေးချယ်သင့်တဲ့ မျက်နှာသစ်အမျိုးအစားများ 

Gel Cleanser 

Gel Cleanser တွေဟာ အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။ Gel Cleanser တွေဟာ ရေကို အခြေခံထုတ်လုပ်ထားပြီး မျက်နှာသစ်နေစဉ်အချိန်အတွင်းမှာလည်း အသားအရေကို မခြောက်သွေ့စေတဲ့အပြင် အစိုဓာတ်ကို ထိန်းသိမ်းပေးလို့ အဆီပြန်တဲ့သူတွေ သင့်တော်ပါတယ်။ဒါပေမယ့်လည်း Gel Cleanser ကို အဆီပြန်(ဒါမှမဟုတ်) ပေါင်းစပ်အသားအရေရှိသူတွေက မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်အသုံးပြုနိုင်ပြီး ခြောက်သွေ့အသားအရေရှိသူတွေကတော့ ညအိပ်ခါနီး သစ်ပေးလို့ ရပါတယ်။

Cream Cleanser 

Cream Cleanser တွေက အလွန်နူးညံ့ပြီး အစိုဓာတ်များတဲ့အပြင် အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ သူ့ကို ထိခိုက်လွယ်တဲ့အသားအရေ ၊ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်များ သုံးသင့်ပါတယ်။Cream cleanser တွေက အခြား cleanser တွေထက် ပိုမိုနူးညံ့ပြီး ရေဓာတ်ပိုမိုရရှိစေလို့ ခြောက်သွေ့သော သို့မဟုတ်ထိခိုက်လွယ်သောအသားအရေအမျိုးအစားများအတွက်သင့်တော်ပါတယ်။ 



Photo-manometcurrent.com

Foam Cleanser

အမြှုပ်လေးတွေနဲ့ မျက်နှာသန့်စင်မယ်ဆိုရင်တော့ ရေများများသုံးဖို့လိုပါမယ်။ အရေပြားရဲ့ မျက်နှာပြင်က အဆီတွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်လို့ ဝက်ခြံဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါတယ်။Foam Cleanser က ပေါင်းစပ်အသားအရေရှိသူတွေအတွက် သင့်တော်တဲ့ မျက်နှာသစ်ဖြစ်ပါတယ်။

Cleansing Oil နဲ့ Cleansing Water

Cleansing တွေက မျက်နှာသစ်ဆပ်ပြာမတိုင်ခင် မျက်နှာပေါ်က အညစ်အကြေးတွေကို တစ်ထပ်သန့်စင်ပေးပြီး ထိရောက်တာမို့ အခုနောက်ပိုင်းမှာ အသုံးပြုမှုများလာပါတယ်။ သာမန်နဲ့ ခြောက်သွေ့အသားအရေတွေက Cleansing Oil နဲ့ ပိုသင့်တော်ပြီး အဆီပြန်တတ်တဲ့သူတွေက Cleansing Water ကို ပိုသုံးကြပါတယ်။

Cleansing Oil က ရေပြားရဲ့ သဘာ၀ pH level ကို ထိန်းညှိပေးတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။ ရေနဲ့သေချာဆေးချပြီး အဆီကျန်တွေမရှိအောင်သန့်စင်နိုင်ရင် အသားအရေအားလုံး အသုံးပြုနိုင်ပါတယ်။ မျက်နှာပေါ်မှာ ကြာရှည်ခံမိတ်ကပ်တွေ ၊ လိမ်းခြယ်ထားတာတွေရှိရင်လည်း အသုံးပြုသင့်ပါတယ်။

Cleansing Water ဒါမှမဟုတ် Micellar water လို့ခေါ်တဲ့ မျက်နှာသန့်စင်ဆေးရည်က သေးငယ်တဲ့ အဆီမော်လီကျူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် မျက်နှာတစ်ဝိုက်က အညစ်အကြေးများနဲ့အဆီတွေကို စုပ်ယူပါတယ်။ Micellar water က အသားအရေကို ရေဓာတ်မြှင့်တင်ပေးခြင်း၊ အညစ်အကြေးများ ၊ အဆီများဖယ်ရှားခြင်း နဲ့ အသားအရေကြည်လင်စေတာကြောင့် အသားအရေအမျိုးအစားအားလုံးနဲ့လည်း သင့်တော်ပါတယ်။

ဒီလိုမျိုးကိုယ့်အသားအရေအမျိုးအစားနဲ့ သုံးသင့်တဲ့ မျက်နှာသစ်အမျိုးအစားတွေကို သိပြီးတဲ့အခါမှာတော့ 

မျက်နှာသစ်ဆေးနဲ့အသားအရေထိန်းပစ္စည်းတွေမှာ မပါသင့်တဲ့ ဓာတုပစ္စည်း (၁၂)မျိူးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အလှကုန်ဝယ်တဲ့အခါ ဒီဓာတုပစ္စည်းတွေမပါဖို့ သတိပြုကြည့်ပါ။

1. ALUMINUM

2. DEA (diethanolamine), MEA (Monoethanolamine), and TEA (triethanolamine)

3. DMDM HYDANTOIN & UREA (Imidazolidinyl)

4. MINERAL OIL

5. PARABENS (Methyl, Butyl, Ethyl, Propyl)

6. PEG (Polyethylene glycol)

7. PHTHALATES

8. PROPYLENE GLYCOL (PG) & BUTYLENE GLYCOL

9. SILOXANES

10. SODIUM LAURYL SULFATE (SLS) & SODIUM LAURETH SULFATE (SLES)

11. SYNTHETIC FRAGRANCES

12. TRICLOSAN

Ref : Neostrata


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က