No-Fly List တွေလည်း ပါသွားပါတယ်

FBI က စောင့်ကြည့်နေတဲ့ ၂ သန်းနီးပါးရှိတဲ့ အကြမ်းဖက်သမားစာရင်းဟာ အွန်လိုင်းပေါ် သုံးပတ်ကြာအောင် ပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

           ပြည်ပလေကြောင်းလိုက်ပါခွင့်မပေးထားတဲ့ No-Fly List တွေအပါအဝင် အကြမ်းသမားအဖြစ် FBI အကြမ်းသမားစောင့်ကြည့်ရေးစင်တာ TSC က သတ်မှတ်ထားသူ ၂ သန်းနီးပါးရဲ့ အချက်အလက်တွေ အွန်လိုင်းပေါ်ပေါက်ကြားခဲ့ကြောင်းကို လုံခြုံရေးသုတေသီ ဘော့ပ်ဒိုင်ယာချန်ကိုဆိုသူက ဇူလိုင် ၁၉ ရက်နေ့မှာ စတင်ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ TSC Database ထဲက ပေါက်ကြားသွားတဲ့ အကြမ်းဖက်သမားတွေစာရင်းမှာ နာမည် ၊ မွေးရက်နဲ့ ပတ်စ်ပို့နံပါတ်တွေလို သတင်းအချက်အလက်တွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။




Photo; Engadget

           ဒိုင်ယာချန်ကိုရဲ့ အဆိုအရ စောင့်ကြည့်စာရင်း Watchlist ကို စကားဝှက်ခံထားခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ဩဂုတ်လ ၉ ရက်နေ့ ကန်ပြည်ထဲရေးကနေ ဒီဆာဗာကို offline မလုပ်ခင်အထိ Censys နဲ့ ZoomEye တို့လို searh engines တွေမှာ ဒီအချက်အလက်တွေကို ညွှန်းထားတယ်လို့လည်း သူက ပြောပါတယ်။ အချက်အလက်တွေကို ဘယ်သူတွေ ရသွားလဲဆိုတာတော့ မသိရသေးပါဘူး။

           "ပြည်ထဲရေးအာဏာပိုင်တွေကို ကျွန်တော် သိသိချင်း တစ်ခါတည်း အစီရင်ခံစာ တင်တယ်။DHS (ပြည်ထဲရေး) က ကျေးဇူးတင်ကြောင်းပြောပြီး ဘယ်လို တရားဝင်မှတ်ချက်မှ မပေးဘူး။"လို့ ဒိုင်ယာချန်ကိုရဲ့ LinkedIn ပို့စ်မှာ ရေးထားပါတယ်။

           အခုလို စောင့်ကြည့်စာရင်းမှာ TSC က ထိန်းသိမ်းထားတဲ့စာရင်းဟာ အမေရိကန်ကနေ ထွက်ခွာပျံသန်းခွင့်မပြုတဲ့ No-Fly list တွေ ပါနေပါတယ်။ သယ်ယူပို့ဆောင်မှု လုံခြုံရေးဆိုင်ရာ အုပ်ချုပ်ရေး TSA လို ဖက်ဒရယ်အေဂျင်စီကလည်း နိုင်ငံအတွင်း ဝင်ရောက်ဖို့ ကြိုးစားတဲ့ သံသယရှိတဲ့ အကြမ်းဖက်သမားတွေကို ထောက်လှမ်းနိုင်ဖို့ database သုံးပါတယ်။ ဒါကြောင့် အခုလို သတင်းပေါက်ကြားတာဟာ အတော်လေး ထိလွယ်ရှလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။


Photo: CNET


           FBI ရဲ့ No-Fly list မှာ အကြမ်းဖက်သမားမဟုတ်တဲ့ သာမန်ပြည်သူတွေလည်း မှားယွင်း ထည့်သွင်းမိတတ်ပါတယ်။ ၂၀၀၈ ခုနှစ်က NBC သတင်းရဲ့ အစီရင်ခံစာအရ အမေရိကန်လေကြောင်းလိုင်းတစ်ခုဟာ တစ်ရက်တည်းမှာကို ဒီလို လူမှားထည့်တာမျိုး ၉၀၀၀ အထိ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က တရားရုံး ဆုံးဖြတ်ချက်မှာ အစိုးရဟာ နိုင်ငံသားတွေနဲ့ အမြဲနေထိုင်သူတွေကို ဒီလို No-Fly List မှာ ထည့်ထားရင် အသိပေးထားရမယ်လို့ အမိန့်ချမှတ်ထားပါတယ်။

Share

Loading Next Article...
က္က