ကိန်းက အသင်းဥက္ကဌရဲ့ ကတိမတည်မှုအပေါ် စိတ်ပျက်နေပါတယ်။

မန်စီးတီးကို မပြောင်းရွှေ့ရတာနဲ့ ပတ်သက်ပြီး အသင်းဥက္ကဌရဲ့ ကတိမတည်မှုအပေါ် ကိန်းက မကျေမနပ် ဖြစ် လျက်ရှိနေတာပါ။

ပေါ်တူဂီကလပ်အသင်းနဲ့ ယူရိုပါလိဂ် ကွန်းဖရန့်လိဂ် ပွဲ ကစားရမယ့် စပါးအသင်းဟာ ပေါ်တူဂီကို ထွက်ခွာချိန်မှာ တော့ အဓိက တိုက်စစ်မှူးကိန်းကို ချန်လှပ်ခဲ့ပါတယ်။



မန်စီးတီးက ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခြင်း ခံနေရတဲ့ ကိန်းဟာ သူကိုယ်တိုင်ကလည်း မန်စီးတီးကို ပြောင်းဖို့ စိတ်အား ထက်သန်နေပေမယ့် ယခုအခါ စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာပါပြီ။

ဒါပေမယ့်လည်း စပါးအသင်းရဲ့ လိဂ် အဖွင့်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ပွဲမှာ လူစာရင်း ချန်လှပ်ခံခဲ့ရပြီး ယခုအခါမှာလည်း ထပ်မံ ချန်လှပ်ခံခဲ့ရပြန်တာပါ။

ဒီလို ဖြစ်နေရတဲ့ အဓိက အကြောင်းအရင်း ဇစ်မြစ်အခံကတော့ ကိန်းဟာ ကတိကျိုးပျက်ခဲ့တယ်ဆိုပြီး စပါးအသင်း ဥက္ကဌ ဒန်နီရယ် လယ်လ်ဗဲလ်ကို စွပ်စွဲပြစ်တင်ပြောဆိုမှုတွေ လုပ်လာပါတယ်။

စပါးဥက္ကဌဟာ ကိန်းကို အသင်းပြောင်းရွှေ့ခွင့်ပေးမယ်လို့ ကတိပေးပြီးမှ ယခုအခါ ထွက်ခွာခွင့်မပြုပဲ ကတိကျိုးပျက်ခဲ့တယ်လို့ ကိန်းက ခံစားနေရတာပါ။

ဒီလို ပြောဆိုမှုတွေ အပြီးမှာတော့ ကိန်းဟာ စပါးအသင်းရဲ့ ဒီရာသီမှ စတင်မယ့် ဥရောပ ထိပ်တန်း ရှုံးထွက်ပြိုင်ပွဲ အသစ် အရသာကို မြည်းစမ်းဖို့ လက်လွှတ်ခဲ့ရပါပြီ။

ကိန်းမပါတာနှင့်အတူ စပါးအသင်းဟာလည်း လူအင်အား လျော့နည်းခဲ့ရပြီး နည်းပြသစ် ဆန်းတို့စ်လက်ထက်မှာ ကိန်းဟာ တစ်ပွဲမျှ ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

ကိန်းကို ပွဲကစားဖို့မခေါ်နိုင်တဲ့အတွက် နည်းပြ ဆန်းတို့စ်ဟာ ကျန်နေခဲ့ပြီး ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကိုသာ ဆက်လက် ပြုလုပ်နေစေရတော့မှာပါ။

ကိန်း မပါဝင်နိုင်တဲ့စပါးအသင်းတိုက်စစ်ကို မန်စီးတီးနဲ့ပွဲက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်က ဆက်လက် ဦးဆောင်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က