ဗလန်စီယာ၊ လာဇီယိုတို့မှာလည်း အငှားကစားခဲ့ဖူးပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကွင်းလယ်လူအန်ဒရိစ်ပါရဲရားကို ဘရာဇီးလ်ကလပ်ဖလာမင်ဂိုအသင်းဆီ တစ်ရာသီအငှားချဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက လာဇီယိုမှာ အငှားသွားကစားခဲ့တဲ့ ပါရဲရားကို ရောမကလပ်က အပြီးသတ်ခေါ်ယူခွင့်ရှိခဲ့ပေမယ့် မခေါ်ယူခဲ့တာကြောင့် ယူနိုက်တက်ဆီကို ပြန်လည်ရောက်ရှိခဲ့သူဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘန်လေနဲ့ကစားခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာတော့ သူ မပါဝင်ခဲ့ဘဲ အဲဒီနောက်မှာ နောက်ထပ်တကြိမ် အငှားနဲ့သွားရောက်ကစားရဖို့ရှိလာခဲ့ပြီး ဘရာဇီးလ်ကို ပြန်သွားကစားရမှာလည်းဖြစ်ပါတယ်။ 

ဖလာမင်ဂိုအသင်းက ပါရဲရားအတွက် အငှားခေါ်ယူခအဖြစ် ယူရို ၁ သန်းပေးချေရမှာဖြစ်ကာ လစာငွေကိုတော့ ၆၀% အထိ ပေးချေသွားမယ်လို့ သိရပါတယ်။ ပါရဲရားကို ခေါ်ယူနိုင်ခဲ့ပြီလို့လည်း ဘရာဇီးလ်ကလပ်က အတည်ပြုထားပြီး ကစားသမားဟာ ဒီတစ်ပတ်အတွင်းမှာပဲ ဘရာဇီးလ်ကို သွားရောက်ဖွယ်ရှိတယ်လို့ မျှော်လင့်ရကြောင်း Daily Mail ကဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ တော်မီနေးတို့ ရှိနေပြီး အရန်ကစားသမားတွေအဖြစ် မာတာ၊ လင်ဂတ်၊ မာတစ်၊ ဗန်ဒီဘိခ်တို့လည်း ရှိနေပါတယ်။ ဒါကြောင့် ပေါလ်စခိုးလိုမျိုး အပြင်းစားကန်ချက်တွေနဲ့ ဂိုးရယူလေ့ရှိတဲ့ ပါရဲရားဟာ ပုံမှန်နေရာရဖို့ ခက်ခဲနေပြီး အငှားကစားသမားဘဝနဲ့သာ ကျင်လည်နေရကာ အခုတစ်ကြိမ်လည်း အငှားထွက်ကစားရတော့မှာဖြစ်ပါတယ်။ 

Share

က္က