ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့ပြီး မာတင်အိုဒီဂတ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့နောက် အာဆင်နယ်ရဲ့ နောက်ထပ်ခြေလှမ်းလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ရှက်ဖီးယူနိုက်တက်ဂိုးသမားအာရွန်ရမ်စ်ဒေးဟာ ဝက်ဘရွန်းနဲ့ကစားရမယ့် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ The Guardian ရဲ့ အဆိုအရတော့ အာဆင်နယ်ဟာ ရမ့်စ်ဒေးလ်အတွက် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပြီး အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ယူရို ၂၀၂၀ မှာ အင်္ဂလန်အတွက်လည်း ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ နံပါတ်တစ်ဂိုးသမားလီနိုကို ဖိအားပေးဖို့အတွက် နည်းပြအာတီတာက ရမ့်စ်ဒေးလ်ကိုခေါ်ယူချင်တာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၂၄ သန်း နဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ကာ နောက်ထပ် ပေါင် ၆ သန်းပေးချေဖို့အတွက် အာဆင်နယ်ဘက်က ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။ ဒါဟာ ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့ပြီး မာတင်အိုဒီဂတ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့နောက် အာဆင်နယ်ရဲ့ နောက်ထပ်ခြေလှမ်းလည်းဖြစ်ပါတယ်။
ရမ့်စ်ဒေးလ်ဟာ ဘုန်းမောက်မှာ သုံးနှစ်ကြာကစားခဲ့ပြီးနောက် ချက်စတာဖီး နဲ့ ဝင်ဘယ်ဒန်တို့ကို အငှားနဲ့ပြောင်းရွှေ့ခဲ့ကာ အဲဒီနောက်မှာတော့ ရှက်ဖီးကို ပြီးခဲ့တဲ့ရာသီက အပြီးသတ်ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အဆိုပါအသင်းတွေကို သူ ရောက်ရှိပြီးနောက်မှာ အသင်းအားလုံးတန်းဆင်းခဲ့ရတာဖြစ်ပြီး အာဆင်နယ်ရဲ့ ခေါ်ယူမှုကို ပရိသတ်တွေက လှောင်ပြောင်နေခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ချက်စတာဖီးအတွက် ကစားပေးခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာလည်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တဲ့ ဂိုးသမားလည်းဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အက်ဖ်အေဖလားရရှိခဲ့တဲ့ ရာသီအပြီးမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမားမာတီနက်ဇ်ကို ပေါင်သန်း ၂၀ နဲ့ ဗီလာဆီ ရောင်းချခဲ့ပြီး အခုအခါမှာ ရမ့်စ်ဒေးလ်အတွက် ပေါင်သန်း ၃၀ အထိ အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
မာတီနက်ဇ်ကတော့ အာဂျင်တီးနားအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ လက်စွမ်းပြပြီး ဖလားရရှိအောင်ကူညီပေးခဲ့သလို ဗီလာမှာလည်း လက်စွမ်းပြနေခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့စီမံမှုတွေအပေါ် ပရိသတ်တွေကမေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။