Bitcoin က ကမ္ဘာကြီးကို စည်းလုံးလာစေမယ်လို့ ယုံကြည်သူတစ်ယောက်ပါ

ဈေးကွက်တန်ဖိုးအရ အကြီးဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ထုတ်ဖို့ စိတ်ဝင်စားသူတွေထဲမှာ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ခ် ဒေါ်ဆီလည်း ပါဝင်နေပါတယ်။

           ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ Square ကိုလည်း ပိုင်ဆိုင်ထားတဲ့ အသက် ၄၄ နှစ်အရွယ် ဂျက်ခ်ဒေါ်ဆီဟာ Bitcoin တူးဖို့ လုပ်နေကြောင်းကို အင်္ဂါနေ့က သူ့ Tweet မှာ တင်ခဲ့တာပါ။ "Compass Mining နဲ့ mining လုပ်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်" လို့ ဒေါ်ဆီက သူ့ Tweet မှာ ရေးထားပါတယ်။ Compass Mining ဟာ တစ်ကမ္ဘာလုံးက Bitcoin ဝါသနာအိုးတွေအတွက် Bitcoin ထုတ်ရာမှာ ချိတ်ဆက်ကူညီပေးတဲ့ ကုမ္ပဏီ ဖြစ်ပြီး Mining လုပ်ချင်သူတွေအတွက် လိုတဲ့ ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာ ၊ Hosting space ရောင်းတာတွေအတွက် ကြားခံချိတ်ဆက်ပေးနေတာပါ။




Photo: Business Insider

           Bitcoin ရဖို့ Mining လုပ်တဲ့လူတွေဟာ ရှုပ်ထွေးတဲ့ ပဟေဠိတွေ ဖြေရှင်းရတဲ့ proof of work (PoW) မော်ဒယ်နဲ့ လည်ပတ်ပါတယ်။ Bitcoin လိုပဲ Ethereum လည်း PoW လုပ်ထုံးအတိုင်း သုံးတာပါ။ ဒီလို လုပ်ဖို့အတွက် ကွန်ပျူတာ တွက်ချက်မှုစွမ်းအားနဲ့ စွမ်းအင်အမြောက်အများ လိုအပ်ပါတယ်။ Bitcoin Mining အတွက် သုံးတဲ့ ကွန်ပျူတာနဲ့ တခြားပစ္စည်းတွေကလည်း အလွန်ဈေးမြောက်ပါတယ်။

           တချို့တွေကတော့ Bitcoin Mining လုပ်ရပ်ဟာ စွမ်းအင်အလွန်အကျွံ သုံးရတာ ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတယ်လို့ ဝေဖန်နေကြပေမယ့် ဒါကို သဘောမတူသူတွေလည်း ရှိနေတာပါပဲ။ Compass Mining ကနေ Bitcoin Mining လုပ်တဲ့ hardware ဝယ်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာ ၈၂၀၀ (မြန်မာငွေ သိန်း ၁၃၀ ကျော်) က စပြီး ပေးရမယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာတော့ Compass Miners တွေစာ တစ်ရက်ကို ၃၃ ဒေါ်လာခန့် (မြန်မာငွေ ၄ သောင်းနီးပါဂ) အမြတ်ပြန်ရလေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

           Twitter အမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒေါ်ဆီဟာ ဒီနှစ်ထဲမှာ Bitcoin ဝယ်စုတာတွေ ၊ ထုတ်တာတွေကို ပရောဂျက်တစ်ခုလို အာရုံစိုက်လာသူ ဖြစ်ပါတယ်။ အရင်ကတည်းက Bitcoin ကို လူသိရှင်ကြားထောက်ခံခဲ့သူပါ။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ Crypto Council for Innovation က ကျင်းပခဲ့တဲ့ The B-Word ကွန်ဖရင့်မှာလည်း ဂျက်ခ်ဒေါ်ဆီဟာ Bitcoin ကို စိတ်ဝင်စားမှုရှိခဲ့တဲ့ သူ့အဖြစ်အကြောင်းနဲ့ Bitcoin ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ယူဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းပါ ပြောကြားခဲ့ပါတယ်။


Photo: digitalinformationworld

           ဇွန်လထဲ ကျင်းပခဲ့တဲ့ ၂၀၂၁ Bitcoin ကွန်ဖရင့်မှာ Bitcoin ဟာ ငွေကြေးတန်ဖိုးပျက်တာကို ကာကွယ်ပေးနိုင်ပြီး နိုင်ငံဖြတ်ကျော် ရံပုံငွေလွှဲပြောင်းမှုတွေကို မြန်ဆန်စေမယ့်အရာတစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူ့ပိုင် Square ကုမ္ပဏီကလည်း ဒီနှစ်အစောပိုင်းမှာ ဒေါ်လာသန်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ Bitcoin တွေ ဝယ်ထားပါတယ်။ CoinMarketCap ရဲ့ ဗုဒ္ဓဟူးနေ့အထိ Bitcoin ပေါက်ဈေးအရ BTC တစ်ခုဟာ ဒေါ်လာ ၄၄၇၅၀ (မြန်မာငွေ သိန်းပေါင်း ၇၄၀ ခန့်) ပေါက်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က