ညအိပ်မပျော်ခြင်းက ယာယီဖြစ်နိုင်သလို ရေရှည်နာတာရှည်လည်းဖြစ်လာနိုင်ပါတယ်။

ညဘက်အိပ်မပျော်ခြင်းကို လူအနည်းနဲ့ အများ ခံစားကြုံတွေ့ဖူးမှာပါ။

Photo: The Washington Post

တစ်ခါတစ်ရံ ညဘက်အိပ်မပျော်တာက ပြဿနာမရှိနိုင်ပေမယ့် အမြဲလိုလို ညဘက်အိပ်မပျော်တဲ့ရက်တွေကာလရှည်ကြာလာတဲ့တဲအခါ အာရုံကြောအားနည်းပြီး့ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ညဘက်အိပ်မပျော်တဲ့သူတွေဟာ စိတ်ဖိစီးမှုများတာ၊ အလုပ်ပင်ပန်းတာနဲ့ ဖုန်း၊ ကွန်ပျုတာအသုံးများခြင်းတွေကလည်း ညဘက်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ညဘက်အိပ်မပျော်တဲ့အတွက် လူကအိပ်ရေးမဝတဲ့အခါ လူမှုဆက်ဆံရေးနဲ့ နေ့စဉ်လုပ်ငန်းခွင်မှာ ထိခိုက်မှုတွေဖြစ်လာတတ်ပါတယ်။ ညအိပ်မပျော်ခြင်းက ယာယီဖြစ်နိုင်သလို ရေရှည်နာတာရှည်လည်းဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကြောင့်သာဖြစ်ပါတယ်။

Photo: News Medical

ညဘက် အိပ်မပျော်သူတွေရဲ့ တစ်နေ့တာ

ပုံမှန်အားဖြင့် ညဘက်အိပ်မပျော်တဲ့သူတွေဟာ မနက်အိပ်ယာထလာတဲ့အခါ မကြည်မလင် မလန်းမဆန်းနဲ့ နိုးထလာတက်ပါတယ်။ ဒီလိုရက်ရှည်လာတဲ့အခါမှာ အားရုံကြောတွေအားနည်းလာပြီး ဦးနှောက်က ပုံမှန်လောက်အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ခန္တာကိုယ်ကလည်း သာမန်လူတွေလောက် လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တော့ဘဲ လွယ်လွယ်နဲ့ ပင်ပန်းတက်တဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ဒီလိုနဲ့ပဲ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တဲ့ လူတစ်ယောက်အနေနဲ့ စိုးရိမ်စိတ်တွေများလာခြင်း၊ အတွေးလွန်ကဲလာခြင်းနဲ့အတူ စိတ်ကျရောဂါဝေဒနာ စတင်ခံစားလာစေခြင်းတို့ကို ဖြစ်ပေါ်လာစေပါတယ်။

Photo: Entrepreneur

ညဘက် ဘာကြောင့်အိပ်မပျော်တာလဲ

အိပ်မပျော်တဲ့ ဝေဒနာကို လူတိုင်းတော့ကြုံတွေ့ခံစားဖူးကြပါတယ်။ ညအိပ်မပျော်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် အလွယ်တကူဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့်လည်း လူတော်တော်များများက ညဘက်အိပ်မပျော်တာကို ဆိုးရွားတဲ့ ပြဿနာတစ်ခုအဖြစ်မမြင်တတ်ကြပါဘူး။ ဒါပေမယ့် အိပ်စက်ခြင်းက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ နေ့စဉ်လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါတယ်။ သာမန်အိပ်မပျော်တာကနေ အိပ်မပျော်တဲ့ ဝေဒနာအထိခံစားလာရတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်လာတာပါ။ သင်ဟာ ညဘက်အိပ်မပျော်ဖြစ်နေတဲ့သူဆိုရင် ဘာကြောင့်လဲဆိုတာ ပြန်သုံးသပ်ဖို့လိုပါတယ်။ သာမန်အိပ်မပျော်ခြင်းမျိုးဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှု ပုံစံတွေကို ပြုပြင်နေထိုင်ပြီး ညဘက်အိပ်ပျော်နိုင်အောင်ကြိုးစားနိုင်ပါတယ်။ သာမန်ထက်လွန်ကဲတဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ကောင်းတွေရယူပါ။

Photo: Help Guide

သာမန် ညဘက်အိပ်မပျော်တဲ့သူတွေအတွက် ကျန်းမာရေးကုထုံး

ညဘက်အိပ်မပျော်လို့ အိပ်ဆေးတွေသောက်အိပ်တာက ဘေးထွက်ဆိုးကျိုးများတာမို့ သဘာဝနည်းအတိုင်း အိပ်ပျော်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။ ညဘက်အိပ်မပျော်တဲ့ သူတွေအနေနဲ့ စိတ်တည်ငြိမ်အောင် တရားထိုင်ပေးတာ၊ ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးတာ၊ သီချင်းသံစဉ်အေးအေးလေးတွေနားထောင်ပေးခြင်းကလည်း ညဘက်အိပ်ပျော်နိုင်အောင်အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ညအိပ်ယာမဝင်ခင် ရေနွေးနွေးနဲ့ ရေချိုးပေးခြင်းနဲ့ အာဟာရဖြစ်စေမယ့် အစားအစာတစ်ခုခုကို ဗိုက်အရမ်းမတင်းအောင် စားသုံးပေးခြင်းတို့ကလည်းလည်း ညဘက်အိပ်ပျော်စေခြင်းအတွက် အသုံးဝင်ပါလိမ့်မယ်။ မအိပ်ခင်မှာတော့ ဖုန်း ၊ကွန်ပျုတာတို့ကို အချိန်ကြာကြီး သုံးစွဲခြင်းကိုတော့ရှောင်သင့်ပါတယ်။

အိပ်မပျော်တဲ့ ပြဿနာဆိုတာ ယနေ့ခေတ်မှာ လူအများစုဖြစ်နေတဲ့ ပြဿနာပါ။ အတွေးလွန်တတ်တဲ့အကျင့်ကြောင့်၊ စိတ်ဖိစီးမှုတွေကြောင့်၊ အဆင်မပြေမှုတွေကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ညဘက်အိပ်မပျော်တဲ့ ပြဿနာကို ကြုံတွေ့နေကြရတာပါ။ ညဘက်အိပ်မပျော်ခြင်းက စိတ်ဖိစီးမှုတွေကို ပိုဖြစ်စေပြီး ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ ပုံမှန်အိပ်ချိန်န် သတ်မှတ်ပါ။ နေ့စဉ် အိပ်ယာဝင်ချိန် အိပ်ယာထချိန်မှန်နေရင် အလွယ်တကူ အိပ်ပျော်တာမျိုးကို တွေ့ရပါလိမ့်မယ်။ လူတစ်ယောက်ဟာ ညဘက်အိပ်စက်ချိန်က အနည်းဆုံး (၇)နာရီကနေ (၈)နာရီထိရှိသင့်ပါတယ်။ အိပ်မပျော်တဲ့သူတွေဟာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်မယ့် အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲသင့်တယ်၊ စိတ်ဖိစီးမှုတွေဖြေလျော့အောင်လုပ်ဖို့လိုတယ်လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က