စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးလီဝန်ဒေါစကီးဟာ အသင်းကနေ ထွက်ခွာပြီး အသင်းသစ်ရှာဖွေဖို့အတွက် ဘိုင်ယန်ကို ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကလပ်နဲ့နိုင်ငံအသင်းအတွက် ၅၆ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ပိုလန်တိုက်စစ်မှူးဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီလို့ ဆိုပါတယ်။ 

Sky Sports ရဲ့ သတင်းထောက်ဖြစ်သူ Paul Gilmour က ဘိုင်ယန်ကနေ လီဝန်ဒေါစကီး ထွက်ခွာချင်တဲ့အကြောင်းကို တွစ်တာမှာဖော်ပြခဲ့ပါတယ်။ "ကျွန်တော်တို့ပြောချင်တာကတော့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ဝေးရာမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီဆိုတာပါပဲ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောပါရစေ၊ သူက စနေနေ့မှာ ၃၃ နှစ်ပြည့်သွားခဲ့ပြီး ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပါသေးတယ်"

"အဲဒါက ၂၀၂၃ ခုနှစ်အထိပါ၊ သူ့အသက် ၃၅ နှစ်ပြည့်တဲ့အချိန်ထိပေါ့၊ သူ ခံစားနေရတာက အဲဒီအချိန်ရောက်ရင် သူ့အတွက် ဥရောပမှာ အသင်းကြီးတစ်သင်းရှာတွေ့ဖို့ ခက်ခဲနေပြိဆိုတာပါ၊ ဒါက သူ စိန်ခေါ်မှုတွေကို လိုချင်နေတဲ့ အကြောင်းရင်းပါပဲ၊ ဒါပေမယ့်လည်း ပြသနာက ဘိုင်ယန်က သူ့အတွက် ပေါင်သန်း ၁၁၀ လောက်အထိ တန်ဖိုးသတ်မှတ်ထားတာပါပဲ" လို့ သူက ပြောဆိုခဲ့ပါတယ်။

လီဝန်ဒေါစကီးကို ချယ်လ်ဆီးကလည်း စိတ်ဝင်စားခဲ့ဖူးပေမယ့်လည်း အဆုံးသတ်မှာတော့ အသင်းတိုက်စစ်မှူးဟောင်းလူကာကူကိုသာ ခေါ်ယူသွားခဲ့ပါတယ်။ မန်စီးတီးကလည်း သူ့ကိုအလိုရှိနေပေမယ့် ဟယ်ရီကိန်းကသာ ဦးစားပေးဖြစ်နေပြီး နောက်ထပ်ရွေးချယ်စရာတစ်ခုအဖြစ်နဲ့သာရှိနေတာဖြစ်ပါတယ်။ တကယ်လီု့ မန်စီးတီးကိုရောက်ခဲ့မယ်ဆိုရင်တော့ သူဟာ ဂွာဒီယိုလာနဲ့ နောက်တစ်ကြိမ်လက်တွဲရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က