၂၀၁၄မှာ ယူနိုက်တက်နဲ့ လမ်းခွဲချိန် အာဆင်နယ်ကို ပြောင်းဖို့ ဆန္ဒရှိခဲ့တာပါ။

ဖာဒီနန်က သူ့ကို ဝင်းဂါး မခေါ်လိုက်တာဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့လည်း စကား အဆုံးမှာ သုံးသပ်ပြသွားပါသေးတယ်။

၂၀၁၄တုန်းက ယူနိုက်တက်နဲ့ လမ်းခွဲချိန်မှာ အသင်းသစ်တစ်သင်းကို ရှာဖွေဖို့ ကြိုးပမ်းချိန် ဖာဒီနန်ဟာ အာဆင် နယ်အသင်းကို အင်မတန်မှ ပြောင်းချင်ခဲ့တယ်လို့ သူကိုယ်တိုင်က ထုတ်ဖော်ပြောလာပါတယ်။



ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက အာဆင်နယ်အသင်းရဲ့ နည်းပြကြီး အာစင်ဝင်းဂါက သူ့ကို လက်မခံပဲ ပယ်ချ ခဲ့တာကြောင့် အာဆင်နယ်နဲ့ ဝေးကွာခဲ့ရတာလို့လည်း ဖာဒီနန်က ဆိုလာပါတယ်။

ဒီလို အချိန်ကောင်းမှာ သူ့ကို မခေါ်ယူခဲ့တာကြောင့် သူကိုယ်တိုင်လည်း QPRအသင်းမှာ သွားကစားခဲ့ရပြီး မှန်ကန် တဲ့ ကစားသမားခေါ်ယူမှုတစ်ခုကို လွဲခဲ့ရတယ်လို့ ဆိုလာပါတယ်။

လက်ရှိမှာတော့ အသက် ၄၂နှစ်ရှိနေပြီ ဖြစ်တဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဖာဒီနန်ဟာ ယူနိုက်တက်က ထွက်ခွာရတုန်းက အာဆင်နယ်ကို ပြောင်းဖို့ အရူးအမူး ဖြစ်ခဲ့တာလို့လည်း သူ့ရဲ့ ကိုယ်ပိုင် ချန်နယ်ဖြစ်တဲ့ Rio Ferdinand Presents FIVE မှာ ပြောလာပါတယ်။

“အာစင်ကို ကျွန်တော်ပြောခဲ့ပါတယ်။ ယူနိုက်တက်က မကြာခင်ထွက်တော့မယ်၊ကျွန်တော့်ကို လိုချင်ရင် အဆင် သင့်ပါပဲ၊အဲ့ဒါဆို အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ကျွန်တော်ဟာ အကောင်းဆုံး ဦးဆောင် စည်းရုံးပေးနိုင်မှာပါ လို့ အာစင်ဝင်းဂါကို ဆိုခဲ့ဖူးပါတယ်။ဒါပေမယ့် သူ ကျွန်တော့်ကို မခေါ်ခဲ့ပါဘူး။ သူ့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ပဲ ဆိုရမှာပါ။အကြောင်းကတော့ သူမခေါ်လို့ ကျူပီအာရောက်သွားချိန် ကျွန်တော့် ခြေစွမ်းဟာလည်း အရင်လို ပြန်မကောင်းလာတော့ပါဘူး။”လို့ ဖာဒီနန်က ဆိုလာပါတယ်။

ဖာဒီနန်ဟာ ယူနိုက်တက်နဲ့ ၁၂နှစ်အတွင်း ပရီးမီးယားလိဂ် ၆ကြိမ်၊ချန်ပီယံလိဂ် ၁ကြိမ်အပါအဝင် အခြား ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သူပါ။

Share

က္က