ချယ်လ်ဆီးအတွက် ပွဲဦးထွက်အဖြစ် ကစားရတော့မှာပါ။

ချယ်လ်ဆီးကို ငါးနှစ်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူးလူကာကူက လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့် အာဆင်နယ်နဲ့ပွဲမှာ သူလေးစားအားကျရတဲ့ တိုက်စစ်မှူးဟောင်းဒရော့ဘာလို ခြေစွမ်းမျိုးကို ပြသဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီပွဲကတော့ လူကာကူအတွက် ချယ်လ်ဆီးကိုတကျော့ပြန်ရောက်ရှိလာမှု ပွဲဦးထွက်ကစားရမယ့်ပွဲလည်းဖြစ်ပါတယ်။ 

ဒရော့ဘာကတော့ ချယ်လ်ဆီးမှာကစားခဲ့စဉ်က အာဆင်နယ်နဲ့ ၁၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၁၃ ဂိုးအထိ သွင်းယူခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ နတ်ဆိုးတစ်ကောင်အဖြစ် ဒရော့ဘာက ထင်ရှားခဲ့ပြီး လန်ဒန်ဒါဘီပွဲနွှဲတိုင်းမှာ အမြဲတမ်းလိုလိုဒုက္ခပေးလေ့ရှိတဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် လူသိများခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ 

ချယ်လ်ဆီးမှာ ပထမတစ်ကြိမ်ကစားခဲ့စဉ်က ဒရော့ဘာနဲ့ဆုံတွေ့ခဲ့ဖူးတဲ့ လူကာကူက "ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ကျွန်တော့််အတွက်တော့ ကမ္ဘာကြီးတစ်ခုပါပဲ၊ ကျွန်တော်နဲ့သူ စကားပြောဆိုလေ့ရှိပြီး Group Chat တစ်ခုလည်း ဆက်သွယ်ဖို့အတွက် လုပ်ထားပါသေးတယ်၊ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ဆို သူနဲ့ ဖုန်းပြောဖြစ်ခဲ့ပြီး သူ့ကို မေးစရာတွေ ကျွန်တော့်မှာအများကြီးရှိနေခဲ့ပါတယ်"

"သူနဲ့သိတဲ့ကစားသမားတွေ ဒီအသင်းမှာရှိနေသေးပြီး ဒရော့ဘာကလည်း အသေးစိတ်ကအစ ကျွန်တော့်ကိုပြောဖို့ ပြင်ဆင်ထားခဲ့ပါတယ်" လို့ ဆိုပါတယ်။ လူကာကူကတော့ သူ့ရဲ့ကစားသမားဘဝမှာ အာဆင်နယ်နဲ့ ၁၇ ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၅ပွဲသာအနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့် အခုအခါမှာတော့ သူနဲ့ရင်းနှီးတဲ့ ဒရော့ဘာရဲ့ ပုံစံမျိုးကို ပြသဖို့အတွက် လူကာကူက စိတ်အားထက်သန်နေပါတယ်။ စီးရီးအေမှာ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းနဲ့ ရင့်ကျက်မှုတွေ ပိုမိုတိုးတက်လာတယ်လို့လည် လူကာကူက ပြောဆိုခဲ့ပြီး သူ့ခြေစွမ်းကို သက်သေပြနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ 

Share

က္က