အဖွင့်ပွဲမှာ ပဲလေ့စ်အသင်းဖက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပူလီဆစ်ဟာ ကိုဗစ်ကြောင့် အသင်းနဲ့ ပူးပေါင်း လေ့ကျင့်နိုင်ခြင်း ရှိမနေပါဘူး။
ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတင်း ပူလီဆစ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာကစားမယ့် အာဆင်နယ်အသင်းနဲ့ လန်ဒန် ဒါဘီပွဲစဥ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
အကြောင်းကတော့ ပွဲမတိုင်ခင် ကိုဗစ် စစ်ဆေးမှုမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့လို့ ဖြစ်ပြီး သတ်မှတ် စည်းကမ်းများ အတိုင်း ကွာရန်တင်း ဝင်ရတော့မှာပါ။
ယခုတစ်ပတ် လေ့ကျင့်ခန်း အစီအစဥ်တွေကိုလည်း ပူလီဆစ်ဟာ ပူးပေါင်းနိုင်ခြင်းမရှိထားပဲ အကြောင်းကတော့ ကိုဗစ် ကူးစက်ခံထားရလို့သီးသန့် နေထိုင်နေတာသာ ဖြစ်တယ်လို့ နည်းပြ တူချယ်က အတည်ပြု ပြောလာပါ တယ်။
“လေ့ကျင့်ခန်းမှာလည်း မရှိသလို ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေမှာမဟုတ်ပါဘူး။ သူ ကိုဗစ် ကူးစက်ခံထားရ လို့ သီးသန့် နေထိုင်နေရပါတယ်။”လို့ တူချယ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခြားတစ်ဖက်မှာတော့ တူချယ်အတွက် စိတ်သက်သာရာ ရစေမယ့် သတင်းကောင်းကတော့ ဟာကင်ဇီယက်နဲ့ ကန်တေတို့ နှစ်ဦး လေ့ကျင့်ခန်းကို ပြန်လည် ပူးပေါင်းနေနိုင်ပြီ ဖြစ်လို့ လာမယ့် တနင်္ဂနွေနေ့အတွက် အားဖြစ် စေတာပါ။
“နှစ်ဦးစလုံး လေ့ကျင့်ခန်းကို လာနိုင်ပါပြီ၊ဒါ့အပြင် အများနည်းတူ အားလုံးကို အကောင်းဆုံး လိုက်ပါ လုပ်ဆောင် နေနိုင်ပါပြီ၊ဘာပြဿနာမှ မရှိတော့ပါဘူး။”လို့ တူချက် က ဆက်လက်ဆိုပါတယ်။
အဆိုပါ ကစားသမားနှစ်ဦးဟာ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်ပြီ ဆိုပေမယ့်လည်း အသင်းနှင့်အတူ ပူးပေါင်း လေ့ကျင့်နိုင်မှုကိုတော့ လေ့လာဖို့ လိုနေသေးကြောင်းလည်း တူချယ်က ဆိုပါသေးတယ်။
တနင်္ဂနွေနေ့ လူစာရင်းမှာ ပါဝင်လာဖို့အတွက်ကတော့ ဆုံးဖြတ်ချက် ချမှတ်နေဆဲ အနေအထားမှာ ရှိနေပြီး ချဲလ်ဆီး အသင်းဟာ အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဥ်အတွက် အင်မတန်မှ အလေးထား ဆောင် ရွက်ရဖို့ ရှိနေပါတယ်။
Share