ပတ်သက်သမျှက အထင်ကြီးစရာတွေချည်းပဲလို့ ဆိုပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာကတည်းက အလိုရှိခဲ့ဖူးတဲ့ ဗာရာနီကို ဆိုးလ်ရှားက သူ့လက်ထက်မှာ အသင်းဆီခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့ တွဲဖက်စေမှာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက နောက်ခံလူသစ်ရာဖေးလ်ဗာရာနီဟာ အရာရာတိုင်းမှာ အထင်ကြီးစရာကောင်းတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာကတည်းက အလိုရှိခဲ့ဖူးတဲ့ ဗာရာနီကို ဆိုးလ်ရှားက သူ့လက်ထက်မှာ အသင်းဆီခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့ တွဲဖက်စေမှာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး ကစားသမားကိုယ်တိုုင်ကလည်း နယ်မြေသစ်မှာ စွန့်စားမှုအသစ်တွေကို ရင်ဆိုင်ချင်တဲ့နောက် ယူနိုက်တက်ဟာ ကမ္ဘာ့အဆင့်ခံစစ်မှှူးတစ်ဦးကို ချိုသာတဲ့စျေးနှုန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဗာရာနီက အသင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်နေပြီး ဆောက်သမ်တန်နဲ့ကစားရမယ့် မနက်ဖြန်ပွဲစဉ်ကို ပါဝင်လာဖွယ်ရာရှိနေပါတယ်။ 

ဆိုးလ်ရှားက "ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘောလုံးပွဲတွေကို ခင်ဗျားကြည့်နေခဲ့မယ်ဆိုရင် သူ့ကို ကျွန်တော်တို့ခေါ်ယူချင်ရတဲ့ အကြောင်းရင်းကို သိမယ်လို့ ထင်ပါတယ်၊ သူ့ရဲ့ကစားသမားဘဝမှာ သူ အားလုံးကို လုပ်ပြခဲ့ပြီးပါပြီ၊ သူ့ကိုခေါ်ယူဖို့ နီးစပ်ခဲ့ဖူးတယ်ဆိုတာကလည်း လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး၊ ဆာအဲလက်စ်က သူတို့နဲ့ စကားပြောခဲ့ပြီး ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်၊ ကွင်းတွင်းခြေစွမ်းနဲ့ ကွင်းပြင်ပနေထိုင်မှုပုံစံတွေက သူဟာ ယူနိုက်တက်ကစားသမားဆိုတာ ကျွန်တော့်ကိုပြောနေသလိုပဲ"

"ယူနိုက်တက်နဲ့ပတ်သက်ပြီး သူ့မှာခံစားချက်ရှိလာအောင်လည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်၊ ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ဖလားတွေကို သူ ဆွတ်ခူးနိုင်ခဲ့ပါတယ်၊ သူက အရမ်းမြန်တယ်၊ သန်မာတယ်၊ လေထဲမှာကစားပုံကောင်းတယ်၊ ခြေနှစ်ဖက်စလုံးနဲ့ကစားနိုင်တဲ့ ခံစစ်မှူးတစ်ဦးပါ၊ ချုံ့ပြောမယ်ဆိုရင်တော့ သူ့မှာရှိသမျှအရာတိုင်းက ခင်ဗျားအတွက် လိုချင်စရာတွေချည်းပါပဲ၊ နှိမ့်ချတတ်တယ်၊ စူးစမ်းချင်စိတ်လည်းရှိပါတယ်"

"ပွဲချိန်တွင်းအမှားတစ်ခုကနေ သင်ခန်းစာယူရတာမျိုး သူ မကြိုက်ဘူး၊ ကွင်းထဲမရောက်ခင် လေ့ကျင့်ကွင်းထဲမှာပဲ သင်ယူချင်တဲ့လူမျိုးပါ၊ သူနဲ့ပတ်သက်ပြီး အားလုံးက အထင်ကြီးစရာတွေချည်းပါပဲ" လို့ ဆိုးလ်ရှားက ယူနိုက်တက်တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောဆိုခဲ့ပါတယ်။ 

Share

က္က