နောက်နှစ်ထဲ Prototype ထွက်လာမှာပါ

လူတွေ အလုပ်လုပ်ဖို့အတွက်ဆို အန္တရာယ်များလှတဲ့နေရာတွေမှာ စက်ရုပ်တွေ သုံးဖို့ စိတ်ကူးဟာ အဆန်းတော့လည်း မဟုတ်ပါဘူး။ Tesla ရဲ့ CEO အီလွန်မတ်စ်က မိတ်ဆက်သွားတဲ့ Tesla Bot ကတော့ ဆန်းမှာပါ။

Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ လူပုံစံ Humanoid စက်ရုပ်ဖြစ်တဲ့ Tesla Bot ကို ကြာသာပတေးနေ့က ကျင်းပသွားတဲ့ Tesla ရဲ့ AI Day ပွဲမှာ မိတ်ဆက်ပြသသွားတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ရဲ့အဆိုအရ Tesla Bot ဟာ ပျင်းစရာကောင်းပြီး ထပ်တလဲလဲ လုပ်ရတဲ့ အန္တရာယ်ကြီးတဲ့ အလုပ်တွေမှာ သုံးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်နမူနာ Prototype ကို နောက်နှစ်ထဲမှာ ဖြန့်ချိသွားမှာပါ။



Photo: Review Geek

လျှပ်စစ်ကားကုမ္ပဏီ Tesla က ထုတ်လုပ်သွားမယ့် Tesla Bot ဟာ အရပ် ၅ ပေ ၈ လက်မခန့် မြင့်ပြီး ကိုယ်ထည်မှာ သုံးထားတဲ့ အပေါ့စား သတ္ထုပစ္စည်းအစိတ်အပိုင်းတွေကြောင့် ၁၂၅ ပေါင်ပဲ အလေးချိန်ရှိမှာပါ။ ကားတွေမှာ နပ်တွေ bots ကို စပန်နာနဲ့ တပ်ဆင်ရာမှာ ၊ သိုလှောင်ရုံထဲက ပစ္စည်းအစိတ်အပိုင်းတွေ ကောက်ယူရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ အလုပ်သမားလိုအပ်ချက်ဆိုတဲ့ လုပ်သားအင်အားလိုအင်ကွက်လပ်ကို ဖြည့်ပေးမှာ ဖြစ်ပြီး ဈေးလည်း အလွန်မြောက်မှာ မဟုတ်ဘူးလို့ မတ်စ်ခက ဆိုပါတယ်။ 

"ကျွန်တော်တို့က Sensor နဲ့ Battery ပိုင်းမှာ တော်ကြတယ်။ ဒီလိုမျိုး Prototype တစ်ခုကိုလည်း နောက်နှစ်ထဲမှာ ထွက်ဖို့ ရှိပါတယ်။"လို့ လူပုံစံ ထုတ်ထားတဲ့ Body Suit တစ်ခုကို နောက်ခံထားပြီး မတ်စ်က ရှင်းပြထားပါတယ်။ နောက်ခံပြထားတဲ့ ပုံဟာ တကယ့်စက်ရုပ်မဟုတ်ပေမယ့် Tesla Bot ကတော့ အမှန်အကန်ပဲလို့လည်း ပြောပါတယ်။ 

Photo: VNExplorer

Tesla Bot မှာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ပြသနိုင်မယ့် Face Screen တစ်ခု ပါရှိမှာ ဖြစ်ပြီး တစ်နာရီ ၅ မိုင်နှုန်းအထိ ရွေ့လျားနိုင်မှာ ဖြစ်လို့ သာမန်လူတစ်ယောက်ရဲ့ အပြေးနှုန်းထက် ပိုပြီး မြန်ဆန်မှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ ပေါင်ချိန် ၄၅ ပေါင်အထိ သယ်ဆောင်နိုင်ပါတယ်။ ဒီစက်ရုပ်ကို ကုမ္ပဏီအတွင်းမှာ ကုဒ်နာမည်အနေနဲ့ Optimus လို့ ပေးထားပါတယ်။ 

Tesla Bot ဟာ Tesla ရဲ့ မောင်းသူမဲ့ယာဉ်တွေမှာ သုံးထားတဲ့ AI နည်းပညာကိုပဲ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလ Autonomus Day ပွဲမှာ အီလွန်မတ်စ်ရဲ့ Tesla ကုမ္ပဏီဟာ ၂၀၂၀ အတွင်း လမ်းပေါ်မှာ အလိုအလျောက်မောင်းနှင်နိုင်မယ့် Robotaxis ပေါင်း ၁ သန်း ရှိလာမယ်လို့ ပြောခဲ့ပေမယ့် အခုထိတော့ ဒီ Robotaxis တွေကို မမြင်ရသေးပါဘူး။ 

Share

Loading Next Article...
က္က