မနက်ဖြန်ကစားရမှာပါ။

ပြီးခဲ့တဲ့ရာသီ စိန့်ကွင်းမှာ တွေ့ဆုံခဲ့တုန်းကတော့ ဆောက်သမ်တန်က ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ယူနိုက်တက်က ၃ ဂိုးပြန်သွင်းကာ အံ့အားသင့်ဖွယ်ရာအနိုင်ရသွားခဲ့ပါတယ်


မနက်ဖြန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ဆောက်သမ်တန်အသင်းနည်းပြဟာဆန်ဟူတယ်က သူတို့အသင်းအနေနဲ့ ယူနိုက်တက်ကို အတတ်နိုင်ဆုံးအခက်တွေ့အောင် လုပ်ပြမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး အဖွင့်ပွဲမှာတော့ ဆောက်သမ်တန်က အဲဗာတန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ကာ ယူနိုက်တက်ကတော့ လိဒ်ကို ၅-၁ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီ စိန့်ကွင်းမှာ တွေ့ဆုံခဲ့တုန်းကတော့ ဆောက်သမ်တန်က ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ယူနိုက်တက်က ၃ ဂိုးပြန်သွင်းကာ အံ့အားသင့်ဖွယ်ရာအနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အိုးထရက်ဖို့ဒ်မှာတော့ အရှက်ရဖွယ် ၉-၀ ဆိုတဲ့ ရလဒ်နဲ့ ဆောက်သမ်တန်တို့ အရေးနိမ့်ခဲ့ရပြီး ပရိသတ်တွေရှေ့မှောက် ပြန်လည်ကစားရချိန်မှာ လက်စားချေဖို့ ဟာဆန်ဟူတယ်က မျှော်လင့်နေပါတယ်။ 

"အခုက အရမ်းကောင်းတဲ့အခိုက်အတန့်ဖြစ်ပါတယ်၊ ကွင်းထဲကို ပရိသတ်တွေအပြည့်ပြန်ပြီးတော့ရောက်လာမယ့်အချိန်ပါ၊ ဒါက ကစားသမားတိုင်းအတွက် အံ့အားသင့်စရာပါပဲ၊ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းမှာ ကျွန်တော်တို့ အရမး်ကောင်းတဲ့ပွဲတစ်ပွဲကစားခဲ့ပါတယ်၊ ၂-၀ နဲ့ ဦးဆောင်နေပြီးမှ ဒုတိယပိုင်းမှာ ကစားပုံအားနည်းခဲ့လို့ အရေးနိမ့်သွားခဲ့ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ပုံစံကို ပြသနိုင်ဖို့နဲ့ သူတို့ကို အတတ်နိုင်ဆုံး ကသိကအောက်ဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ"

"သူတို့ကအရမ်းကောင်းတဲ့အသင်းဆိုတာလည်း သိပါတယ်၊ ပထမပွဲကို ၅-၁ နဲ့ အနိုင်ရထားပြီးတော့ အဲဒါက ရှိန်စရာပါပဲ၊ ၉ ဂိုးပြတ်အရေးနိမ့်တုန်းကတော့ ပွဲစပြီး ၂ မိနစ်မှာပဲ လူတစ်ယောက်အထုတ်ခံခဲ့ရပါတယ်၊ ဒါက စိတ်ပျက်စရာကောင်းပြီး မလွယ်ကူတဲ့အခြေအနေပါ၊ အခုလာမယ့်ပွဲကတော့ နည်းစနစ်ပိုင်းအရ စိတ်ဝင်စားဖို့ကောင်းမှာတော့ သေချာပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ လက်ရှိမှာ ကစားသမားအစုံအလင်နဲ့ လေ့ကျင့်နေပြီဖြစ်ပြီး မက်ဂွိုင်းယားနဲ့ ဗာရာနီ ခံစစ်အတွဲကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဟာဆန်ဟူတယ်ကတော့ သူ့အသင်းမှာ ဒဏ်ရာရကစားသမားမရှိဘူးလို့ ဆိုထားပြီး ကစားသမားအားလုံးနီးပါးကြံ့ခိုင်မှုပြည့်ဝနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

Share

က္က