၂ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့တာပါ။

ဗန်ဒိုက်ပြန်လည်ပါဝင်လာမှုနဲ့အတူ လီဗာပူးလ်ခံစစ်ပိုင်းလုံခြုံလာတာက တိုက်ဆိုင်မှုသက်သက်တော့မဟုတ်တာ သေချာပါတယ်။


စနေနေ့ရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်တို့ နိုင်ပွဲရခဲ့ပြီး အဖွင့်နှစ်ပွဲဆက်တိုက်ကို အနိုင်ယူခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေ ဂိုးထပ်သွင်းနိုင်ခဲ့ပြီး ခံစစ်ပိုင်းကလည်း ပေးဂိုးမရှိအောင် ဆက်ကစားနိုင်ခဲ့တာမို့ ကလော့ပ်အတွက်တော့ ကျေနပ်စရာရလဒ်ဖြစ်ခဲ့ပါတယ်။

ဗန်ဒိုက်ပြန်လည်ပါဝင်လာမှုနဲ့အတူ လီဗာပူးလ်ခံစစ်ပိုင်းလုံခြုံလာတာက တိုက်ဆိုင်မှုသက်သက်တော့မဟုတ်တာ သေချာပါတယ်။ ဂျိုတာက အသင်းအတွက် ပုံမှန်ခြေစွမ်းပြနေပြီး ကလော့ပ်ရဲ့ နာမည်ကျော်ရဲသုံးဖော်ဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမီနိုတို့ရဲ့ တိုက်စစ်အတွဲမှာ သူပါထပ်ပေါင်းစည်းမှုနဲ့အတူ လီဗာပူးလ်တိုက်စစ်ပိုင်းက ဂိုးရဖို့ပါ စိတ်မပူရတဲ့အခြေအနေဖြစ်လာပါတယ်။

ဘန်လေကတော့ လီဗာပူးလ်ကို ကြီးကြီးမားမားခြိမ်းခြောက်နိုင်တာမျိုး မရှိခဲ့ဘဲ ဂိုးတွေထပ်မပေးရအောင်ပဲ ကစားနေခဲ့ရပါတယ်။ လီဗာပူးလ်က တိုက်စစ်ကို နေရာစုံကနေ တိုက်ရိုက်ပေးပို့ကစားပုံတွေကောင်းမွန်ခဲ့ပြီး မာနေးရဲ့ သွင်းဂိုးကလည်း အဲဒီလိုပုံစံကနေ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ရောဘတ်ဆန်နေရာ ဝင်ကစားပေးနေတဲ့ လူငယ်ကစားသမား ဆီမီကတ်က်စ်က ဂျိုတာရဲ့ ခေါင်းတိုက်သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ပါသေးတယ်။

မာနေးသွင်းဂိုးအတွက် အာနိုးလ်က ဖန်တီးပေးခဲ့ပြီး ဆီနီဂေါသားရဲ့ အဆုံးသတ်ပိုင်းကလည်း တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ပေးဂိုးမရှိနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။ အသင်းငယ်လေးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရတာကြောင့် လီဗာပူးလ်ခြေစွမ်းကို အပြည့်အဝအကဲခတ်လို့မရသေးပေမယ့် ကျေနပ်လောက်စရာကစားဟန်နဲ့ ရလဒ်ပိုင်းတော့ သူတို့ ပိုင်ဆိုင်ခဲ့ပါတယ်။ 

Share

က္က