စိတ်ကျေနပ်စရာတော့ဖြစ်ခဲ့ရပါတယ်။

ပေါင်သန်း ၁၀၀ တန် ကစားသမားဟာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့သွင်းဂိုးက နည်းနည်းတော့ဟာသဆန်ခဲ့တာပါ။


ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ စပါးကို အရေးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းက မနေ့ကပွဲမှာတော့ နော်ဝှစ်ချ်ကို ငါးဂိုးပြတ်သွင်းယူကာ သူတို့ရဲ့ ပွဲဦးထွက်ရှုံးပွဲအတွက် ပေါက်ကွဲပြခဲ့ပါတယ်။ စပါးနဲ့ပွဲက လူစာရင်းကို အပြောင်းအလဲအနည်းငယ်ပြုလုပ်ကာ ဂွာဒီယိုလာက အသင်းကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှူးဂါဘရီယယ်ဂျီးဆပ် ခြေစွမ်းပြခဲ့ကာ အသင်းရရှိခဲ့တဲ့ ၃ ဂိုးအတွက် သူက ပါဝင်ပတ်သက်ပေးခဲ့ပါတယ်။ 

နော်ဝှစ်ချ်ဂိုးသမား တင်မ်ကားလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ဂိုးမှာ ဂျီးဆပ်ရဲ့ဖြတ်တင်ဘောကနေ ရရှိခဲ့တာဖြစ်ပြီး စတာလင်နဲ့ ဂရီလစ်ရှ်တို့ရဲ့ သွင်းဂိုးတွေအတွက်လည်း ညာခြမ်းကနေ သူက အနိမ့်ဘောပေးပို့ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ခြေစွမ်းထက် မန်စီးတီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီလစ်ရှ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ် အားလုံးကပိုပြီးစိတ်ဝင်စားခဲ့ကြပါတယ်။ 

ဒီပွဲမှာလည်း ဂွာဒီယိုလာက ဂရီလစ်ရှ်ကို ပွဲထွက်စေခဲ့ပြန်ပါတယ်။ ပေါင်သန်း ၁၀၀ တန် ကစားသမားဟာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့သွင်းဂိုးက နည်းနည်းတော့ဟာသဆန်ခဲ့တာပါ။ ဂျီးဆပ်ရဲ့ ဖြတ်တင်ပေးပို့မှုဟာ နော်ဝှစ်ချ်ခံစစ်မှူးနဲ့ထိပြီး လမ်းကြောင်းပြောင်းခဲ့ရင်းကနေ ဂရီလစ်ရှ်ကို ထိမှန်ခဲ့ပြီး ဂိုးထဲဝင်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းပရိသတ်တွေအတွက်တော့ ကစားသမားသစ်က သွင်းဂိုးရခဲ့လို့ ကျေနပ်စရာတော့ဖြစ်ခဲ့ရပါတယ်။ 

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ သွင်းဂိုးစရခဲ့ပေမယ့်လည်း နည်းနည်းတော့ ကသိကအောက်ဖြစ်ဖွယ်ရာရှိခဲ့ပါတယ်။ မန်စီးတီးရဲ့ခြေစွမ်းကတော့ ကျေနပ်စရာကောင်းခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့သလို အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ လူစာရင်းပိုင်းကွာဟမှုကလည်း တော်တော်လေးကြီးမားခဲ့ပြီး တန်းတက်နော်ဝှစ်ချ်ကတော့ ပြိုင်ဘက်ကို ကြယ်ငါးပွင့်အဆင့်နိုင်ပွဲပေးခဲ့ရပါတယ်။ 

Share

က္က