နယူးကာဆယ်ဂိုးသမား တုပ်တုပ်တောင်မလှုပ်နိုင်ခဲ့ဘဲ ဘောလုံးသွားရာနောက်ကိုသာ လိုက်ကြည့်နေခဲ့ရပြီး ဂိုးအဖြစ် ခွင့်ပြုခဲ့ရကာ ဒန်နီအင့်စ်အတွက် အသင်းသစ်မှာ ပထမဆုံးဂိုးကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဗီလာအတွက် လှပတဲ့သွင်းဂိုးကို ရယူပေးခဲ့ပြိးနောက် တိုက်စစ်မှူးဒန်နီအင့်စ်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိသွားပြီလို့တောင်မှ ချီးကျူးခံနေရပါတယ်။ ဗီလာက နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်ပွဲအရှုံးရလဒ်ကို ချေဖျက်နိုင်ခဲ့ကာ နိုင်ပွဲလည်း စတင်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီကမှ ဆောက်သမ်တန်ကနေ ဗီလာကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒန်နီအင့်စ်ဟာ ရရှိခဲ့တဲ့အခွင့်အရေးကို လက််မလွှတ်စတမ်းအသုံးချခဲ့တာလည်းဖြစ်ပါတယ်။ နယူးကာဆယ်ကွင်းဘက်ရဲ့ ညာခြမ်းမှာ ဗီလာက လက်ပစ်ဘောရရှိခဲ့ပြီး ဧရိယာအတွင်း တိုက်ရိုက်မြှောက်ပေးခဲ့ရာမှာ ဗီလာကစားသမားက နယူူးကာဆယ်ကစားသမားနဲ့အပြီုင် ခေါင်းချင်းပြိုင်တိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ ၂ ရာသီအတွင်း လိဂ်ဂိုး ၃၄ ဂိုးအထိ ရရှိခဲ့တဲ့ အင့်စ်ဟာ လီဗာပူးလ်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဆောက်သမ်တန်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဂရီလစ်ရှ်ကို ရောင်းထုတ်ခဲ့ရတဲ့ ဗီလာက သူ့ကိုပြန်လည်ခေါ်ယူပြီး အသင်းတိုက်စစ်မှူးအဖြစ် ပုံမှန်အသုံးပြုနေကာ အဖွင့်ပွဲမှာ ဒန်နီအင့်စ်တစ်ယောက်ဂိုးပေါက်ပျောက်ခဲ့ရပေမယ့် မနေ့ညကပွဲမှာတော့ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။