ဆီးလမ်းကြောင်းပိုးဝင်ခြင်းအဖြစ်များတဲ့ သူတွေက အမျိုးသမီးတွေဖြစ်တဲ့အတွက် ဆီးကျင်၊ဆီးအောင့်ခြင်း ဝေဒနာကိုလည်း အမျိုးသမီးတွေ အများစုခံစားရလေ့ရှိပါတယ်။

ဆီးကျင်၊ဆီးအောင့်ခြင်းက အများသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်ပွါးရတာပါ။

Photo: Medical News Today

သို့ပေမယ့် အခြားသောရောဂါတွေကြောင့်လည်းဖြစ်ပွါးတတ်သလို ကိုယ်သောက်နေကျဆးတွေရဲ့ အာနိသင်ကြောင့်လည်းဖြစ်ပွါးတတ်ပါတယ်။ ဆီးကျင်၊ဆီးအောင့်ခြင်း လက္ခဏာဟာ ရောဂါအမျိုးမျိုးမှာ တွေ့ရပေမယ့်လည်း အဓိကအားဖြင့်တော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ အများသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းအဖြစ်များတဲ့ သူတွေက အမျိုးသမီးတွေဖြစ်တဲ့အတွက် ဆီးကျင်၊ဆီးအောင့်ခြင်း ဝေဒနာကိုလည်း အမျိုးသမီးတွေ အများစုခံစားရလေ့ရှိပါတယ်။

Photo: The Woman's Clinc

ဘယ်လိုလူတွေအဖြစ်များလဲ

အိမ်ထောင်ရှိသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ဆီးလမ်းကြောင်းကျောက်တည်နေတဲ့သူတွေအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရင့်လာတာနဲ့ ဗိုက်က ဆီးလမ်းကြောင်းကို ဖိထားတဲ့အတွက်ကြောင့် ဆီးကျန်ခြင်းဖြစ်ပေါ်ရာကနေ ဆီးကျင်၊ဆီးအောင့်တဲ့ ဒဏ်ကိုခံစားရတာပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက လိင်မှတစ်ဆင့်ကူးဆက်နိုင်သလို အတွင်းခံဘောင်းဘီတွေကနေတစ်ဆင့် မိန်းမကိုယ်တွင်းမှာ မှိုစွဲခြင်းကနေလည်းဖြစ်ပေါ်တတ်ပါတယ်။

Photo: Daily Mail

ဘယ်လိုလက္ခဏာတွေခံစားရလဲ

ဆီးကျင်တဲ့သူတွေဟာ ဆီးသွားတဲ့အခါ ဆီးခုံကကျင်တဲ့ ၊အောင့်တဲ့ဝေဒနာကိုခံစားရပါတယ်။ ဆီးသွားတဲ့အခါမှာလည်း မပြီးသလိုခံစားရပြီး နည်းနည်းစီ ခဏခဏဆီးသွားနေတာမျိုးပါ။ ဆီးသွားတဲ့အခါတိုင်းလည်း ကျင်တဲ့အောင့်တဲ့ဒဏ်ကိုခံစားရတာပါ။ ဆီးထဲမှာလည်း အဖြူရောင်အနှစ်အဖတ်တွေလိုမျိုးပါလာပြီး ဆီးသွားတဲ့အကြိမ်များလာတဲ့အခါ တချို့ကသွေးစအနည်းငယ်ပါလာတဲ့အထိ ဝေဒနာကိုခံစားရပါတယ်။

Photo: Healthline

ဆီးကျင်ခြင်းအတွက် အိမ်တွင်းကုထုံးနည်းလမ်းများ

တစ်ခါတစ်ရံဆီးကျင်တဲ့ သူတွေအနေနဲ့ကတော့ ဆေးခန်းသွားစရာမလိုဘဲ အိမ်တွင်းကုထုံးနည်းလမ်းတွေနဲ့တင် သက်သာပျောက်ကင်းနိုင်ပါတယ်။ အိမ်တွင်းကုထုံးနည်းလမ်းတွေအဖြစ် ကြက်သွန်နီကို အခွံခွါကာ ရေမဆေးပဲ ပါးပါးလှီးပြီး သကြားထည့်ဖျော်ထားတဲ့ရေနွေးပူပူခွက်ထဲကို ထည့်ကာ အရည်ကိုသောက်သုံးပေးခြင်းဖြင့် ဆီးကျင်ဆီးအောင့်ခြင်းကိုသက်သာစေပါတယ်။ နောက်တစ်နည်းကတော့ ဆန်ဆေးရေထဲ သကြားထည့်သောက်သုံးပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။ ဒီနည်းလမ်းနှစ်ခုကတော့ ဆီးကျင်ဆီးအောင့်တဲ့သူတွေအနေနဲ့ အိမ်မှာအလွယ်တကူ ကုသတဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။

Photo: Healthline

ဘယ်လိုကာကွယ်မလဲ

ရေများများသောက်ပေးခြင်းဖြင့် ဆီးမကြာခဏသွားခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း တစ်ရှူးနဲ့ ရှေ့ကနေ နောက်ကိုသုတ်နဲ့ နည်းလမ်းကိုသာအသုံးပြုပေးသင့်ပါတယ်။ ဒီနည်းလမ်းနဲ့သန့်ရှင်းရေးလုပ်တာက ပြင်ပကပိုးတွေဆီးလမ်းကြောင်းထဲဝင်ရောက်ခြင်းကိုကာကွယ်နိုင်ပါတယ်။ အိမ်ထောင်ရှိအမျိုးသမီးတွေနဲ့အနေနဲ့ အမျိုးသားနဲ့အတူနေပြီးတဲ့အခါတိုင်း ဆီးသွားပြီးတော့ မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ မိန်းမကိုယ်ကိုထိခိုက်စေနိုင်တဲ့ အတွင်းခံဘောင်းဘီတွေနဲ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေရှောင်ရှားပေးခြင်းဖြင့် ဆီးလမ်းကြောင်ပိုရဝင်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ ဆီးကျင်ဆီးအောင့်ခြင်းဝေဒနာကို တားဆီးပေးနိုင်မှာလည်းဖြစ်ပါတယ်။

ဆီလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆီးကျင်၊ဆီးအောင့်တဲ့ ဝေဒနာဟာခံစားရခက်တဲ့ ဝေဒနာလည်းဖြစ်ပါတယ်။ သာမန်ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးတစ်ခုဖြစ်ပေမယ့် မကြာခဏ ဆီးကျင်၊ ဆီးအောင့်တဲ့ ဝေဒနာကို ခံစားနေရရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသကာ ဆေးကုသမှုခံယူသင့်ပါတယ်။ ရေရှည်မှာ ကျောက်ကပ်ကိုထိခိုက်လာနိုင်တဲ့ ကျန်းမာရေးဖြစ်လို့ ပေါ့ဆစွာမနေသင့်ပါဘူး။ တစ်ပတ်ထက်ပိုပြီး လက္ခဏာတွေခံစားရပြီး ပိုဆိုးလာတယ်ဆိုရင် ဆေးရုံဆေးခန်းသွားပြဖိုါလိုမပ်ပါပြီ။ အချိန်အကြာကြီး ရောဂါလက္ခဏာရှိနေခြင်းက နာတာရှည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းပဲဖြစ်ပါတယ်။ ပုံမှန်ဆီးလမ်းကြောင်းပိုးဝင်ခြင်းက အိမ်တွင်းကုထုံးတွေနဲ့ပဲ (၂)ရက် ၊(၃)ရက်အကြာမှာ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဆီးကျင်၊ဆီးအောင့်တဲ့အခါ အိမ်တွင်းကုထုံးနည်းလမ်းတွေက အန္တရာယ်မရှိပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာကတော့ အကောင်းဆုံးဖြစ်တယ်လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က