ဂရင်းဝုဒ်ချေပဂိုးကြောင့်သာ သရေကျခဲ့တာပါ။

လိဒ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲမှာတော့ တော်တော်လေးကို ရုန်းကန်သွားခဲ့ရပါတယ်။ အထူးသဖြင့် မာရှယ်ပါဝင်လာတဲ့ တိုက်စစ်ပိုင်းဟာ ဘာမှကို မလုပ်ပြနိုင်ခဲ့ဘဲ အခက်တွေ့ခဲ့ရကာ ဆိုးလ်ရှားရဲ့ ပြင်သစ်တိုက်စစ်မှူးကို နေရာပေးမှုကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပြီး စိန့်ကတော့ ထုံးစံအတိုင်း သူတို့ကွင်းမှာ ယူနိုက်တက်ကို ဒုက္ခပေးသွားခဲ့ပါတယ်။ 

ပွဲအစပိုင်းမှာ ယူနိုက်တက်က အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဆောက်သမ်တန်ကတော့ မြန်မြန်ဆန်ဆန်နဲ့ကစားခဲ့ပြီး အိမ်ကွင်းမှာ အကောင်းဆုံးပုံစံကို ပြသခဲ့ကာ ဆိုးလ်ရှားကို သောကတွေပေးခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ပထမပိုင်းမှာ ချီအဒမ်စ်ရဲ့ ကန်သွင်းချက်က ဖရက်ဒ်နဲ့ထိကာ ဂိုးဝင်ခဲ့ပြီး ဆောက်သမ်တန်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

မာရှယ်ကတော့ ပွဲထွက်ခွင့်ရချိန်မှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ လူပိုသက်သက်ကြီးဖြစ်ခဲ့ရပါတယ်။ အဖွင့်ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ ဖာနန်ဒက်စ်လည်း ရုန်းကန်ခဲ့ရပြီး ချေပဂိုးရဖို့ ယူနိုက်တက်တို့ အသည်းအသန်အားထုတ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပေါ့ဂ်ဘာရဲ့ ကျားကုတ်ကျားခဲပေးပိုု့မှုကနေ ဂရင်းဝုဒ်ရဲ့ ကန်သွင်းချက်က ဆောက်သမ်တန်ဂိုးသမားနဲ့ ထိခဲ့ပေမယ့် ဂိုးဝင်ခဲ့လို့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပါတယ်။

အဲဒီနောက်မှာ ပေါ့ဂ်ဘာက နောက်ခံလူတွေကြားက လှလှပပလှည့်ထွက်ပြီး ဘယ်ခြေနဲ့ကန်သွင်းချက်ဟာ မဆိုသလောက်လေးအနေအထားနဲ့ ဂိုးတိုင်နားကကပ်ထွက်ခဲ့လို့ ဆောက်သမ်တန်ကံကောင်းခဲ့ပါတယ်။ ဒီနောက် ဆိုးလ်ရှားက မာရှယ်အစား ဆန်ချိုကိုထည့်သွင်းခဲ့ပြီး ယူနိုက်တက်က ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ခက်ခဲခဲ့သလို ဆောက်သမ်တန်ရဲ့ ထိုးဖောက်မှုတွေကိုလည်း ယူနိုက်တက်တို့ ခက်ခက်ခဲခဲဟန့်ထားခဲ့ရပါတယ်။ 


လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်တို့ အနိုင်ဂိုးရဖို့အတွက် အားထုတ်ခဲ့ပေမယ့် ဆောက်သမ်တန်က အကောင်းဆုံးဟန့်တားကစားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေက ယူနိုက်တက်ကို ပိုပြီးတော့တောင်မှ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဆိုးလ်ရှားအတွက်တော့ စိန့်မေရီကွင်းကနေ ၁-၁ နဲ့ သရေတစ်မှတ်ရခဲ့တာက တော်ပါသေးရဲ့လို့တောင်မှ သက်ပြင်းချရမယ့် အနေထားမှာရှိနေခဲ့ပါတယ်။ 

Share

က္က