မြောက်ကိုရီးယားဟာ ယခုအချိန်အထိ နိုင်ငံအတွင်း ကပ်ရောဂါကူးစက်မှုရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး

မြောက်ကိုရီးယားက COVID-19 ရှိ မရှိ စစ်ဆေးရန် PCR (polymerase chain reaction) စက်ကိရိယာ ပြည်တွင်းမှာ တီထွင်ထုတ်လုပ်လိုက်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာက ယနေ့ (ဩဂုတ် ၂၃) ပြောပါတယ်။

မြောက်ကိုရီးယားက ပိုမိုကူးစက်မြန် COVID-19 ဗိုင်းရပ်စ်သစ်ကို ကာကွယ်တားဆီးရန် ကြိုးပမ်းအားထုတ်နေတယ်လို့ ဆိုပါတယ်။ သီးခြားဖြစ်နေတဲ့ မြောက်ကိုရီးယားဟာ ယခုအချိန်အထိ နိုင်ငံအတွင်း ကပ်ရောဂါကူးစက်မှုရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်း မရှိသေးဘဲ နယ်စပ်တွေကို ပိတ်ပင်ထားပြီး ခရီးသွားလာမှု ကန့်သတ်ကာ တင်းကျပ်ပြင်းထန်တဲ့ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုများ လုပ်ဆောင်နေခဲ့ပါတယ်။



COVID-19 ဗိုင်းရပ်တိုက်ဖျက်ရေး အစိတ်အပိုင်းအဖြစ် State Academy of Sciences မှ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေက PCR စစ်ဆေးကိရိယာကို ကမ္ဘာ့စံချိန်စံညွှန်းများနဲ့အညီ ပထမဆုံးအကြိမ် တီထွင်ထုတ်လုပ်ခဲ့ကြကြောင်း မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ သတင်းစာ Rodong Sinmun က ဆိုပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: KCNA/Reuters)

PCR ကိရိယာ ထုတ်လုပ်နိုင်ခြင်းက နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေနဲ့ နယ်စပ်ပိတ်ပင်ထားမှုတွေကြောင့် ကုန်သွယ်မှု သိသာစွာ လျော့ကျနေစဥ် စက်ကိရိယာ၊ အသုံးအဆောင်နဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာထုတ်လုပ်ရန် ခေါင်းဆောင်ကင်မ်ဂျုံအန်ရဲ့ တွန်းအားပေးမှုအောက်မှ အောင်မြင်မှုရရှိခဲ့ခြင်းလို့ သတင်းစာက ညွှန်းဆိုဖော်ပြပါတယ်။

မြောက်ကိုရီးယားထုတ် PCR ကိရိယာဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပြည်တွင်းနည်းလမ်းဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ထံမှ အပါအဝင် ပြင်ပအကူအညီ ရရှိခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ပိုမိုကူးစက်မြန်တဲ့ ဒယ်လ်တာ (Delta) နဲ့ လမ်ဒါ (Lambda) ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်တွေကို တားဆီးကာကွယ်ရန် စီစဥ်ဆောင်ရွက်နေကြောင်း အစိုးရသတင်းဌာန KCNA ကလည်း ယနေ့ ပြောကြားပါတယ်။

Source: Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က