အာဆင်နယ်က ၂ပွဲကစား ၂ပွဲရှုံးပြီး အဆင့် ၁၉ ကို ရောက်နေပါတယ်။

ဝေဖန်နေသူတွေဟာ ကစားသမားတွေကိုသတ်ဖို့ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲအပြီးမှာ ရှာခါက ပြောဆိုသွားခဲ့ပါတယ်။ 


ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲစလုံးကို အရေးနိမ့်ခဲ့ပေမယ့်လည်း အာဆင်နယ်အနေနဲ့ အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုကို ရရှိနိုင်လိမ့်မယ်လို့ ကွင်းလယ်လူရှာခါက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဝေဖန်နေသူတွေဟာ ကစားသမားတွေကိုသတ်ဖို့ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲအပြီးမှာ ရှာခါက ပြောဆိုသွားခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ အဖွင့်ပွဲမှာ ဘရန်ဖို့ဒ်၊ ပွဲစဉ် ၂ မှာ ချယ်လ်ဆီးတို့ကို ၂-၀ ရလဒ်တွေနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ အာဆင်နယ်ကရပ်တည်နေပြီး အသင်းရဲ့ရလဒ်ပိုင်းအပေါ်မှာ ပရိသတ်တွေလည်း စိတ်ပျက်နေကြကာ ဝေဖန်သုံးသပ်သူအများအပြားကလည်း အာဆင်နယ်ကို ထိုးနှက်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


ရှာခါက "လူအများအပြားက ကစားသမားတွေနဲ့အသင်းကို သတ်ဖို့ ကြိုးစားနေကြတာပါ၊ ဒါပေမယ့်လည်း အခုချိန်မှာ အပြင်းထန်ဆုံးလုပ်ရမယ့်အရာက အတူတကွရှိနေဖို့ပါပဲ၊ ကျွန်တော်တို့အားလုံးက သန်သန်မာမာနဲ့အတူတကွရှိနေမယ်ဆိုရင် မကြာခင်မှာ ကွင်းတွင်းရလဒ်ကောင်းတွေ ရယူပေးနိုင်ပါလိမ့်မယ်၊ ကြီးမားတဲ့တစ်စုံတစ်ခုအောင်မြင်မှုရကို ကျွန်တော်တို့ လိုချင်ပါတယ်၊ နှစ်ပွဲကစားအပြီးမှာ လူတွေက အသင်းအကြောင်းကို ပြောဆိုနေကြပါတယ်
"


"နှစ်ပွဲ ဒါမှမဟုတ် သုံးပွဲလောက်ကစားပြီးတာနဲ့ ရာသီမပြီးဆုံးသေးပါဘူး၊ ရှေ့မှာကစားရမယ့်ပွဲတွေအများကြီးရှိနေပါသေးတယ်၊ အများကြီးတိုးတက်ဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်၊ တိုးတက်လာအောင်လည်း လုပ်သွားမှာပါ၊ နှစ်ပွဲတည်းကစားပြီး ရာသီကုန်သွားပြီလို့ ကျွန်တော်မထင်ဘူး၊ နှစ်ပွဲကန်ပြီး နှစ်ပွဲရှုံးတာ အရမ်းစိတ်ပျက်ရပါတယ်၊ ဒါပေမယ့်လည်း ကစားဖို့ပွဲတွေက အများကြီး၊ အများကြီးကျန်နေပါသေးတယ်" လို့ ရှာခါက အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က