Goodbye Mi branding

နောက်ပိုင်းထွက် Xiaomi ဖုန်းတွေကို Mi 12 ၊ Mi Mix 5 ဆိုတဲ့ နာမည်တွေ ပေးတော့မှာ မဟုတ်ပါဘူး။

           Mi series တွေနဲ့ high-end စမတ်ဖုန်းခေတ်ကို ဦးဆောင်ခဲ့တဲ့ Xiaomi ဟာ Mi ဆိုတဲ့ နာမည်ကို ဖြုတ်တော့မယ်လို့ Xiaomi Today သတင်းက ဆိုပါတယ်။ တရုတ်ဈေးကွက်မှာ Xiaomi Mi Mix 4 ကို Mi ဖြုတ်ပြီး Xiaomi Mix လို့ပဲ ခေါ်နေကြပါတယ်။ နောက်ပိုင်းထွက်လာမယ့် Xioami စမတ်ဖုန်းတွေမှာ ပုံမှန်သုံးနေကျ Mi ဆိုတဲ့ အမှတ်တံဆိပ် ပါတော့မှာ မဟုတ်ပါဘူး။



Photo: gizmochina


           Mi Brand ကို ဖြုတ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် နောက်ထွက်လာမယ့် Xiaomi ဖုန်းတွေကို Mi 12 တို့ Mi Mix တို့အစား Xioami 12 နဲ့ Mix 4 လို့ပဲ ခေါ်သွားဖို့ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ Xiaomi ရဲ့ ပထမဆုံး Mi series ဖြစ်တဲ့ Xiaomi Mi 1 ကို ၂၀၁၁ ခုနှစ်က စပြီး launch လုပ်ခဲ့တာပါ။ Mi အမှတ်တံဆိပ်ဟာ Xiaomi ကို ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီအဖြစ် ပုံဖော်ရာမှာ အရေးပါတဲ့ အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။

           Mi ဆိုတာကို Xiaomi တည်ထောင်သူ လေဂျန်က အဓိပ္ပါယ်နှစ်မျိုးက ဖွင့်ဆိုထားပါတယ်။ တစ်ခုက Mobile Internet ကို ပြောတာ ဖြစ်ပြီး နောက်တစ်ခုက Mission Impossible လို့ အဓိပ္ပါယ်ကို ယူတာပါ။ Xioami အနေနဲ့ သူ့ကိုယ်သူ အမြဲတမ်း မိုဘိုင်းအင်တာနက်ထုတ်ကုန် ရောင်းချသူအဖြစ် ခံယူထားပြီး မဖြစ်နိုင်တဲ့အရာတွေ လုပ်ပြနိုင်မယ်လို့လည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။


Photo: Engadget

           Mi 1 ထွက်ပြီး ဆယ်နှစ်အကြာမှာ Mi ဆိုတဲ့ brand အစား Xiaomi လို့ပဲ သုံးနှုန်းသွားဖို့ ရှိပါတယ်။ Xiaomi ရဲ့ နောင်အသစ်ထွက်လာမယ့် High-end မော်ဒယ်တွေကို Xiaomi 11T ၊ 11T Pro ဆိုပြီး နာမည်ပေးသွားဖို့ ရှိပါတယ်။ တရုတ်မှာတော့ Xiaomi ဟာ Mi ဆိုတဲ့ နာမည်မတပ်ဘဲ ထုတ်ကုန်တွေ အတော်များများ ရောင်းချနေပြီး ဖြစ်လို့ ဒီနာမည်ကို ဖျောက်သွားဖို့ ခက်မှာ မဟုတ်ပါဘူး။

           Xiaomi ရဲ့ Official Store တွေ ဖြစ်တဲ့ Mi Store ရော နာမည်ပြောင်းသွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က