မန်စီးတီးဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ပီအက်စ်ဂျီနဲ့ အသင်းဟောင်းရီးရဲလ်တို့က ရော်နယ်ဒိုကို စိတ်ဝင်စားနေချိန်မှာ အမှန်တကယ်မေးမြန်းမှုပြုလုပ်ခဲ့တဲ့အသင်းကတော့ အင်္ဂလန်တစ်သင်းတည်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ရက်တွေအတွင်း ပရီးမီးယားလိဂ်အသင်းတစ်သင်းက ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ RMC က ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ အသင်းဟောင်းရီးရဲလ်တို့က ရော်နယ်ဒိုကို စိတ်ဝင်စားနေချိန်မှာ အမှန်တကယ်မေးမြန်းမှုပြုလုပ်ခဲ့တဲ့အသင်းကတော့ အင်္ဂလန်တစ်သင်းတည်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါအသင်းက ဘယ်အသင်းလဲဆိုတာကို ဖော်ပြထားခြင်းမရှိပေမယ့် တိုက်စစ်မှူးလိုအပ်ချက်မြင့်မားနေတဲ့ မန်စီးတီးဖြစ်မယ်လို့ ယူဆရပါတယ်။ အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျူဗီနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေတာဖြစ်ပြီး သူ့ကိုခေါ်ယူလိုပါက ပေါင် ၂၅သန်းတည်းနဲ့ ရရှိနိုင်မယ်လို့လည်း သိရပါတယ်။ 

ဂျူဗီနဲ့ ရော်နယ်ဒိုတို့ စာချုပ်သစ်အတွက် အသင့်မဖြစ်သေးချိန်မှာပဲ ပြီးခဲ့တဲ့ အူဒီနီးနဲ့ပွဲမှာ ပေါ်တူဂီသားက အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပါတယ်။ ဂျူဗီကတော့ ရော်နယ်ဒိုအသင်းမှာ ဆက်ရှိနေမယ်လို့ အခိုင်အမာပြောဆိုနေခဲ့ပေမယ့် ကစားသမားရဲ့ အသင်းမှာရှိနေတဲ့ အခန်းကဏ္ဍက သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိနေကာ လက်ကျန်အပြောင်းအရွှေ့စျေးကွက်နေ့ရက်တွေက စိတ်ဝင်စားဖွယ်ရှိနေပါတယ်။


နည်းပြအယ်လီဂရီက ဒီဘာလာ နဲ့ မိုရာတာတို့ကို ပိုမိုဦးစားပေးချင်တဲ့ သဘောမှာရှိနေကာ ရော်နယ်ဒိုက ကြံ့ခိုင်မှုပြည့်ဝနေခဲ့ပေမယ့် အူဒီနီးနဲ့ပွဲမှာ အရန်ခုံမှာထားခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကစားသမားနဲ့ စကားပြောဆိုပြီးမှ ဆုံးဖြတ်ခဲ့တယ်လို့ သူက ဖြေရှင်းခဲ့ပြီး တဖက်မှာတော့ ဂျူဗီဒု-ဥက္ကဌနက်ဗက်က ရော်နယ်ဒိုဟာ ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ ပြောဆိုခဲ့လို့ အသင်းတွင်းမှာတင် ကွဲလွဲမှုတွေရှိနေပါတယ်။


ဒါကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်က ပြန်လှုပ်ခတ်လာပြီး စောင့်ကြည့်ရမယ့်အဖြစ်ကို ရောက်လာခဲ့ပါတယ်။ 

Share

က္က