စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကိုရောက်နေပါပြီ။

ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ဟာ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ်အတွက် ကစားသမားဘက်က လက်ခံထားတာမျိုးမရှိတာကြောင့် အခက်တွေ့နေရတာဖြစ်ပါတယ်။


မက်ဆီ၊ ရာမို့စ်၊ ဒွန်နာရမ်မာတို့လို ကစားသမားတွေကို အလွတ်ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ခွင့်ပေးရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ဟာ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ်အတွက် ကစားသမားဘက်က လက်ခံထားတာမျိုးမရှိတာကြောင့် အခက်တွေ့နေရတာဖြစ်ပါတယ်။

အသင်းကနေထွက်ခွင့်ပေးဖို့ ဘတ်ပီက တောင်းဆိုခဲ့ကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေက ဖော်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ နေမာ၊ မက်ဆီတို့နဲ့ တွဲဖက်ကစားခွင့်ရမယ့် အခွင့်အရေးအဖြစ် စာချုပ်သစ်မှာ ၅နှစ်စာချုပ်၊ လုပ်ခလစာကိုလည်း အဆိုပါကစားသမားနှစ်ဦးပြီးရင် အမြင့်ဆုံးအဖြစ် ပေးချေဖို့ ပီအက်စ်ဂျီက ကမ်းလှမ်းထားပေမယ့် ဘတ်ပီက ငြင်းဆန်ထားတယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ 

ဘတ်ပီကို ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက် နဲ့ လီဗာပူးလ်တို့က စိတ်ဝင်စားနေကြပေမယ့်လည်း ကစားသမားရဲ့စျေးနှုန်းက အခက်တွေ့စရာဖြစ်နေပါတယ်။ လက်ကျန်စာချုပ်က နောက်ဆုံးနှစ်ကိုရောက်ရှိနေပြီဆိုပေမယ့်လည်း ပီအက်စ်ဂျီဟာ ဘတ်ပီကို ခေါ်ယူခဲ့စဉ်က မိုနာကိုကို ပေါင်သန်း ၁၈၀ ခန့်အထိ ပေးချေခဲ့ရတာကြောင့် စျေးပေါပေါနဲ့လက်လွှတ်ခံဖွယ်မရှိဖြစ်နေပါတယ်။ 

ပြည်တွင်းဆုဖလားအားလုံးကို ပီအက်စ်ဂျီနဲ့အတူရယူထားပြီးဖြစ်တဲ့ ဘတ်ပီဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့နဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ နယ်မြေသစ်ကို ခြေချချင်နေတာဖြစ်ပါတယ်။ ရီးရဲလ်ကလည်း ဘဏ္ဍာရေးအခြေအနေကြောင့် ဘတ်ပီကိုခေါ်ယူဖို့ကို နောက်ထပ်တစ်နှစ်အထိ ဆက်လက်စောင့်ဆိုင်းတာ ဒါမှမဟုတ် အကြိုသဘောတူညီမှုရယူထားတာမျိုးကိုသာ ပြုလုပ်ဖွယ်ရှိပါတယ်။ 

ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ကလည်း ဘတ်ပီကို စိတ်ဝင်စားတယ်ဆိုတဲ့ အသံထွက်ရုံအနေအထားမှာသာ ရှိနေသေးတာဖြစ်ပါတယ်။ ကစားသမားဘက်က ဆန္ဒကြောင့် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်နေပြီး လာမယ့်တစ်ပတ်အတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

က္က