အလွတ်ပြောင်းရွှေ့မှာဖြစ်ပါတယ်။

ဝီလီယံဟာ ပြီးခဲ့တဲ့ရာသီကမှ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူဖြစ်ပေမယ့်လည်း မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့သူဖြစ်ပါတယ်။


ချယ်လ်ဆီးကနေ အာဆင်နယ်ကို အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ ဝီလီယံဟာ ဘရာဇီးလ်ကလပ်ကိုရင်သီယန်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေဟာ ပြီးဆုံးသွားခဲ့ပြီလို့သိရပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ဝီလီယံက ထပ်မံပြောင်းရွှေ့မှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဝီလီယံဟာ ပြီးခဲ့တဲ့ရာသီကမှ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူဖြစ်ပေမယ့်လည်း မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်မှာ ပုံမှန်နေရာရဖို့ကိုတောင်မှ ရုန်းကန်နေရပြီး ကစားသမားအတွက် တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ အထိ ပေးချေနေရတဲ့ အာဆင်နယ်အတွက်လည်း ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ 

အသင်းကို ရောက်ရှိခဲ့ချိန်မှာ ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးချင်တယ်လို့ ဝီလီယံက ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ဥရောပပွဲတွေ ဝင်ရောက်ကစားခွင့်တောင် အာဆင်နယ်က ဆုံးရှုံးခဲ့ပါတယ်။ အာဆင်နယ်ကလည်း လစာနှုန်းမြင့်မားတဲ့ ဒီကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပေးပြီး အသုံးစရိတ်လျှော့ချနိုင်မှာဖြစ်လို့ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေတဲ့လမ်းခွဲမှုလို့လည်း ဆိုနိုင်ပါတယ်။ 


ချယ်လ်ဆီးမှာ အောင်မြင်တဲ့ကစားသမားဘဝကို ရရှိခဲ့ပေမယ့်လည်း ဝီလီယံဟာ အာတီတာလက်အောက်မှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရပါတယ်။ လူငယ်ကစားသမားတွေကို အာတီတာက ပိုမိုအသုံးပြုနေခဲ့ချိန်မှာ ဝီလီယံက အရန်ခုံမှာသာရှိနေခဲ့ပြီး အဆုံးသတ်မှာတော့ မွေးရပ်မြေကို ပြန်လည်သွားရောက်ကစားဖို့အတွက်ပဲ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က