ယွမ် ၃၁၀၀ ကျသင့်မှာပါ

Honda ကနေ တရုတ်ဈေးကွက်အတွက် ဈေးသက်သာတဲ့ U-BE လျှပ်စစ်စကူတာသစ်ကို ကြေညာသွားပါတယ်။

Wuyang-Honda U-BE ဆိုတဲ့ ဒီစကူတာဟာ တစ်ခါအားသွင်းထားချိန်မှာ မိုင် ၅၀ အထိ သွားနိုင်ပြီး သက်တောင့်သက်သာရှိရှိ စီးနင်းလိုက်ပါနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။ Guangzhou Motors Group ကုမ္ပဏီနဲ့ Japan Honda Motor ကုမ္ပဏီတို့ ပူးပေါင်းထားတဲ့ Wuyang- Honda Motor ဖက်စပ်ကုမ္ပဏီကနေ ထုတ်ထားတာ ဖြစ်ပြီး တရုတ်ဈေးကွက်ကို အဓိကပစ်မှတ်ထားပြီး ထုတ်ထားတာပါ။ 




Photo: electrek

ဒီဇိုင်းပိုင်းမှာ e-Bike တစ်ခုအတိုင်း ဖြစ်ပြီး တရုတ်ပြည်တွင်း စကူတာသတ်မှတ်ချက်တွေအရ ခြေနင်းတံ pedals တစ်စုံလည်း ထည့်ပေးထားပါတယ်။ တရုတ်ပြည်တွင်းမှာတော့ ဒီစကူတာတွေ မောင်းနှင်ဖို့ ယာဉ်မောင်းလိုင်စင်မလိုဘူးလို့ ဆိုပါတယ်။ U BE လျှပ်စစ်စကူတာဟာ ၃၅၀ ဝပ်မော်တာနဲ့လာပြီး တစ်နာရီ ၁၅.၅ မိုင်နှုန်းအထိ အရှိန်တင်နိုင်မှာပါ။ ဘက်ထရီဆိုဒ်အနေနဲ့ ၇၂၀ ဝပ် ၊ ၉၆၀ ဝပ်နဲ့ ၁၁၅၂ ဝပ်ဆိုပြီး သုံးမျိုးလာပြီး တစ်ခါအားသွင်းထားရင် ၃၄ မိုင် ၊ ၄၃ မိုင်နဲ့ မိုင် ၅၀ နှုန်းစီ ပြေးနိုင်မှာပါ။ 

တစ်ယောက်စီး စကူတာ ဖြစ်လို့ ခရီးသည်အတွက် ထိုင်ခုံနေရာတော့ ပါမှာ မဟုတ်ပါဘူး။ LCD Display ဒိုင်ခွက်ဟာ အမြန်နှုန်း ၊ သွားခဲ့တဲ့မိုင် ၊ ဘက်ထရီရာခိုင်နှုန်းနဲ့ တခြားအချက်အလက်တွေဖော်ပြပေးနေမှာပါ။ ဈေးနှုန်း အနေနဲ့ ၃၀၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခွဲကျော်) ကျသင့်မယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က